ဂူထဲကနေ သယ်လာတဲ့အရိုးစုတွေကိုကြည့်ပြီး လောင်ဝေမှာ မျက်မှောင်တွေကြုံ့လို့နေလျက်။ စိတ်ခံစားချက်က သိပ်မကောင်း။ သူတို့တွေရဲ့နောက်ဆုံးအချိန်ကို ဘယ်လိုဖြတ်သန်းခဲ့ရမလဲ။
နာကျင်လျက်...ဝမ်းနည်းလျက်...ဒေါသထွက်လျက်
လောင်ဝေ မသိတော့ပါ။ သူကိုယ်တိုင် ဝင်ခံစားပေးနေမိသည်အထိ ဒီလူအရိုးစုတွေအပေါ် အားနာလျက်ရှိသည်။ ထမ်းစင်နဲ့သယ်လာတဲ့အရိုးစုတွေကို မျက်နှာလွှဲလိုက်ပြီးတဲ့နောက် ရွက်ဖျင်တဲထဲမှာ အလုပ်ရှုပ်နေတဲ့ ဝမ်ရိပေါ်ကို လှမ်းကြည့်လိုက်သည်။
ဝမ်ရိပေါ်ဟာ စားပွဲပေါ်က စာရွက်စာတမ်းအချို့အပြင် ဖိုင်အချို့ကို သူ့ရဲ့ဘေးလွယ်အိတ်ထဲ ထည့်နေသည်။ ဝမ်ရိပေါ်ရဲ့ခေါင်းမှာ လုပ်ငန်းသုံးဦးထုပ်ကို အခုထိ မဖြုတ်ရသေး။
"ဘာတဲ့လဲ"
ဝမ်ရိပေါ်က မော့ကြည့်လာသည်။ ဒါပေမဲ့ တစ်ခဏသာ။ ထို့နောက် စားပွဲပေါ်က စာရွက်တွေဆီကိုသာ အကြည့်ရောက်သွားပြန်သည်။
"ဒီနေ့ပဲ ပြန်မယ်"
ဝမ်ရိပေါ်ရဲ့လက်ကောက်ဝတ် ၊ လက်ဖမိုးနဲ့လက်ဖျံတို့မှာ မြေမှုန်တွေကပ်နေသည်။ အင်္ကျီအဖြူမှာလည်း မြေဝါရောင်တွေ ပေလျက်။
"နောက်ကျနေပြီ"
လောင်ဝေ ရွက်ဖျင်တဲအဝကနေ မြင်နေရတဲ့လပြည့်ဝန်းကိုကြည့်ပြီး ပြောလိုက်သည်။ ဝမ်ရိပေါ် အထဲကထွက်လာသည့်အချိန်ထဲက သူတို့တွေ တူးဖော်ရေးကို အားစိုက်လုပ်ခဲ့ကြသည်။ ဝမ်ရိပေါ်ရဲ့တွေ့ရှိမှုကို နယ်ခံတွေကလည်း သိသွားကြပြီး လာစပ်စုနေကြသည်။
"ရတယ်"
လောင်ဝေ ဘာမှပြန်ပြောမနေတော့။ တကယ်လည်း ဝမ်ရိပေါ်အနေနဲ့ ဒီညအတွင်းမှာပဲ ဌာနကိုပြန်ရမည်။ ဌာနမှာ ခွင့်ပြုချက်တောင်းစရာတွေအများကြီး။ အရိုးစုတွေသယ်ဖို့ ကားလည်းတောင်းရဦးမည်။ ဒီနေရာကို နိုင်ငံပိုင် ယဥ်ကျေးမှုနယ်မြေအဖြစ် လျှောက်လွှာလည်းတင်ရဦးမည်။
"ငါလည်း လိုက်ခဲ့မယ်"
"မလိုဘူး"
လက်ပ်တော့ပေါ်မှာ လက်ချောင်းတွေပြေးလွှားနေရင်းနဲ့ ဝမ်ရိပေါ်က အလုပ်ရှုပ်နေဟန် ခပ်သွက်သွက်ပြောလာသည်။ အခုချိန်မှာ ဝမ်ရိပေါ်တစ်ယောက်သာ အပင်ပန်းဆုံးဆိုတာ လောင်ဝေ သိနေသည်။
![](https://img.wattpad.com/cover/280114763-288-k61098.jpg)
YOU ARE READING
𝑉𝑒𝑛𝑖 𝑉𝑒𝑑𝑖 𝐴𝑚𝑎𝑣𝑖
Fanfictionငါတို့တွေ အဝေးကနေ လာခဲ့ကြတယ် ငါတို့တွေ ကံတရားအရ ဆုံတွေ့ခဲ့ကြတယ် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်