02

775 113 2
                                    

မနက်လေးနာရီသည် မြို့နေလူများအတွက်တော့ စောနိုင်သည်။ သို့သော် ဝမ်ရိပေါ် အခုရောက်နေသောနယ်မြို့လေးတွင်မူ စတိုးဆိုင်များမှာ ဆိုင်ခင်းနေပြီ။ မနက်စာအတွက် စားဖို့သင့်တော်သောဆိုင်ငယ်လေးများမှာလည်း အဆင်သင့်ဖြစ်နေပြီ။

ဝမ်ရိပေါ် သူတို့ကို လာကြိုသောထရပ်ကားကြီးကို ကြည့်လိုက်သည်။ လောင်ဝေလည်း သုတေသနအဖွဲ့တွင် ပါလာသည်။ ရှုပ်ပွနေသောဆံပင်များနဲ့ မျက်လုံးတောင်ကောင်းကောင်းမဖွင့်နိုင်သေးသော လောင်ဝေမှာ အဝေးပြေးကားပေါ်မှာရှိနေတဲ့ဝမ်ရိပေါ်ရဲ့အဝတ်အိတ်ကိုတော့ ယူလာပေးသည်။

"ဟဲ့ အစ်ကိုလောင်ဝေက တစ်မျိုးတော့တစ်မျိုးပဲနော်"

မိန်းမိန်းက သူမရဲ့လွယ်အိတ်လေးကို သေချာပြန်လွယ်လိုက်ရင်း မင်ကို ပြောလိုက်သည်။ မင်ကတော့ ကားစက်အောက်မှာထည့်ထားတဲ့အဝတ်အိတ်တွေကို ရှာပြီး ဆွဲယူနေသည်။

"ပါးစပ်ကသာ စနောက်နေပေမဲ့ အစ်ကိုရိပေါ်ကို လိုတာထက် တော်တော်ခင်ပုံပဲနော် ၊ အရင်ဘဝက တစ်ခုခုများတော်ခဲ့သလားမသိဘူး"

"သေကွဲ,ကွဲသွားတဲ့ရည်းစားတွေနေမှာပေါ့"

အဝတ်သေတ္တာကို မြေနီလမ်းပေါ်မှာ မ,နေတဲ့မင်ရဲ့ကျောပြင်ကို ကောင်မလေးက တစ်ချက်ရိုက်လိုက်သည်။ လဲကျသွားတဲ့အထိ မပြင်းထန်ပေမဲ့ ပခုံးတစ်ဖက်ကတော့ ရှေ့ကိုယိုင်သွားသည်။

"ဟဲ့ ညီအစ်ကိုလောက်တော့လုပ်ပါ"

"နင် စကားတွေ အရမ်းမပြောပဲ ငြိမ်ငြိမ်လေးလိုက်လာပေးပါလား ၊ ငါ ကြာလာရင် ဒီအထုပ်တွေနဲ့ နင့်ကို လမ်းမှာ ပစ်ထားခဲ့မိတော့မယ်"

မင်က ပြောပြီးတာနဲ့ သေတ္တာတွေကို လက်နှစ်ဖက်နဲ့ဆွဲမလို့ ထွက်သွားတော့သည်။ မိန်းမိန်းကတော့ နှုတ်ခမ်းတွေကို စူပုပ်ပစ်လိုက်ပြီး မျက်စောင်းတထိုးထိုးနဲ့။

"ပျင်းဖို့ကောင်းလိုက်တဲ့အကောင်စုတ်"

ထရပ်ကားပေါ်မှာ အထုတ်တွေတင်လို့ပြီးတာနဲ့ ဝမ်ရိပေါ်တို့တွေကို နယ်ခံဦးလေးကြီးက တည်းခိုမဲ့နေရာကို လိုက်ပို့ပေးလာသည်။ အရှေ့ခန်းမှာ ဝမ်ရိပေါ်နဲ့ကားမောင်းသူထိုင်ပြီး နောက်ခန်းထဲတွင်တော့ လောင်ဝေ ၊ မိန်းမိန်းနဲ့မင်တို့ ထိုင်သည်။

𝑉𝑒𝑛𝑖 𝑉𝑒𝑑𝑖 𝐴𝑚𝑎𝑣𝑖Where stories live. Discover now