(part 2) အတိတ်များသို့ ရွက်လွှင့်ခြင်း

13 2 0
                                    

Leo.......အရမ်းတည်ငြိမ်တဲ့ကောင်လေး

ထိုင်းနိုင်ငံ ရဲ့ နာမည်ကြီး Chakhon Nawphahti ဆိုတဲ့ ဂီတကျောင်း မှာ အခန့်ညားဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အသက် 19အရွယ်လူရည်သန့်လေး။

Leoရဲ့ ပြင်သစ်လူမျိုးမိဘနှစ်ပါးမှာ အလွန်ချမ်းသာသလောက် သမာအာဇီ၀ အလုပ်ဖြင့် ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းသူများဖြစ်ကြသောကြောင့် Leo ကို Sandy နဲ့ သဘောတူသည့်အပြင် ပြဿနာကြုံလာတိုင်းကူညီဖြေရှင်းပေးမည့် မိဘများဖြစ်သည်။
အရာရာ အဆင်ပြေနေသည့် စုံတွဲလေး............

Leo သည်လည်း မိဘနှစ်ပါးကဲ့သို့ အလွန်ရည်မွန်သော
လူငယ်လေးတစ်ယောက်ပင်။

မညိုသော အသားအရည်၊ ရှည်လျားသောအရပ်၊ ဖုထစ်သော ဗိုက်ကြွက်သား နှင့် သွယ်လတ် ရှည်လျသော လက်ချောင်းတွေရဲ့ ပိုင်ရှင်ကို မြင်ရသူတိုင်း ကြွေဆင်းနိုင်သည်မဟုတ်ပါလား။

မညိုသော အသားအရည်၊ ရှည်လျားသောအရပ်၊ ဖုထစ်သော ဗိုက်ကြွက်သား နှင့် သွယ်လတ် ရှည်လျသော လက်ချောင်းတွေရဲ့ ပိုင်ရှင်ကို မြင်ရသူတိုင်း ကြွေဆင်းနိုင်သည်မဟုတ်ပါလား။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထို့ပြင် ပင်လယ်ပြာရောင် မျက်လုံးလေးများမှာ လူတကာကို စိတ်၀င်‌စားအောင် တမင်ပုံဖော်ထားသလိုဖြစ်နေပြန်သည်။

ယင်းအချက်များကြောင့် ကျောင်းတစ်ကျောင်းလုံးမှ ကျောင်းသူတွေမက ဆရာမအများပါ ကြွေနေရသော်လည်း Leo ကား မည်သူ့ကိုမျှအရေးမစိုက်နိုင်။
မိမိ မြတ်နိုးရသော ဂီတကို သာ တစိုက်မတ်မတ် ကြိုးစား‌သည်။ ကြိုးစားသလောက်ထူးလဲထူးချွန်သည်။

Leo ၏ အချစ်ရေးစိတ်မ၀င်စားခြင်းသည်ကား မြန်မာ ကောင်မလေး Sandy သူတို့ကျောင်းကိုရောက်မလာခင်အထိပင်။

Sandyသည် အလွန်ချစ်ဖို့ကောင်းသည်။ လှလည်းလှသည်။ သူမ၏ အနီရောင် ဆံသားများမှာ The Little Mermaid ထဲမှ Ariel လားပင်ထင်ရသည်.....မိမိကိုယ်ကို တန်ဖိုးထားတတ်ခင်း၊ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုး၊ တည်ငြိမ်အေးချမ်းတဲ့ အလှနဲ့ ရင့်ကျက်အေးဆေးသူတစ်ယောက်ဖြစ်သောကြောင့် Leo ပို၍ပင် စိတ်ဝင်စားခဲ့းသည်။

ရုပ်နဲ့စိတ်လိုက်သည်မှာ တစ်လောက လုံးတွင် Dao တစ်ယောက်သာရှိသည်ဟု Leo အမြဲတွေးမိသည်။

Sandy ကြောင့် Leoတစ်ယောက် ဂီတထက် လူတစ်ယောက်ကို ပို၍ ချစ်တတ်လာခဲ့သည်။

Leo သီချင်းဆိုသောအခါ Leoကို လူအများက ချီးကျူးကြသော်လည်း အဲ့ထဲ Sandy မပါခဲ့။

Leoအား Sandy အမြဲ ပြောသည်မှာ........
"ဒီလောက်နဲ့မရသေးဘူးထင်နော်။ ဒီလိုသာသွားမယ်ဆို မမတို့မြန်မာနိုင်ငံက ဦးသိန်းတန်နဲ့တွေ့လို့‌ကတော့ မင်းတော့ Noလို့ပြောခံရမှာသေချာတယ် ဟိဟိဟိ"

ချစ်စရာကောင်းလိုက်သည့်မမ Sandy
မိမိအား အမြဲတိုးတတ်ရာတိုးတတ်ကြောင်းဖြစ်အောင် ခွန်အားများပေးကာ ရယ်မောပျော်ရွှင်စေခဲ့သည်။

မိမိအား ပြောချင်တာပြောပြီး သူမ၏ သွားအစွယ်လေးများပေါ်အောင်ပြုံးရယ်နေတတ်သေးသည်။

အခုတော့.......
မမရယ်.....
ကျွန်တော် မနဲ့ တူတူမရှိနိုင်ခဲ့တာ ခွင့်လွှတ်ပါဗျာ.........

Leo ကျောင်းသင်ခန်းစာများအား အာရုံပင်မစိုက်နိုင်တော့
ထုံးစံအတိုင်း သေကွဲကွဲရသည့် ချစ်သူအဖို့ ရင်မှာ လှိုက်ခက်ကာ ခံစားနေရသည့်အတွက် မျက်ရည်များမှာ unlimited ကျဆင်းနေရသည်။

မနက်ဖြန်မှာ မိမိရဲ့ ချစ်သူကို သူ့မိဘတွေရဲ့ ဓလေ့အရ ပင်လယ်ထဲသို့မြှောကာ မီးမြှားပစ် သင်္ဂြုလ် မည့်နေ့မို့ ခန္ဓာစွဲမက် လူ့ရမ္မက်အရ လှပကြော့ရှင်းသော မိမိချစ်သူ၏ အလောင်းကောင်အား တစိမ့်စိမ့်ကြည့်နေမိသည်။

၃ရက်တာရှိပြီဖြစ်သော်လည်း မပုပ်မသိုးသေးပဲ နဂိုလှမြဲတိုင်း လှနေသည့် မမ ခန္ဓာကိုယ်ကို မနက်ဖြန်ကစပြီး တွေ့ရတော့မည်မဟုတ်သောကြောင့် အိမ်ပင်မပြန်ဖြစ်ပဲ ၂၄နာရီစောင့်ပေးနေမိသည်။

မနက်ဖြန်မရောက်ပဲ ညတာရှည်ပါစေတော့.......

Into The DeepWhere stories live. Discover now