အပိုင်း ( ၁၃ )

637 59 0
                                    

Unicode>>>>>

ဘာလိုလိုနဲ့ မနက်ဖြန်ဆို အဆုတို့ စာမေးပွဲစဖြေရတော့မည်။ သူတို့ထက်ကို ကျွန်တော်က ရင်တွေပိုခုန်မိနေသလို။အင်းးးး ကလေးတွေလည်း အထိုက်အလျောက်တော့ စာတွေရနေကြလောက်ပါပြီ။ ကျွန်တော်လည်း ကျောင်းကတစ်ဖက်နဲ့မို့ ညဘက်တွေသာစောင့်ဖြစ်နေသည်။ ဒီနေ့တော့ ဦးညိုနဲ့ကျွန်တော် နှစ်ယောက်လုံး ညဘက်စောင့်ကြည့်မှဖြစ်မည်။ တောက်လျှောက်ပင်ပန်းလာခဲ့ကြတာမို့ အရေးကြီးတဲ့အချိန်လေးမှာ ကလေးတွေ မငိုက်မိကြ‌စေဖို့ သေချာစောင့်ကြည့်ပေးရသည်။
"တီလေး ကျွန်တော် ကျောင်းသွားလိုက်ဦးမယ်နော် အဆုတို့ကို စာသေချာကျက်ဖို့ ကျွန်တော်ကမှာသွားတယ် လို့ပြောပေးပါဦး ဘိုင့်ဘိုင် တီလေး" တီလေးကိုနှုတ်ဆက်ပြီးတာနဲ့ ကျောင်းဘက်ကိုထွက်လာခဲ့တော့သည်။

"ဟေးGuys ငါရောက်ပြီ" ထက်အောင်တို့ ကန်တင်းမှာထိုင်နေတာမြင်တာနဲ့ ဝင်ထိုင်ရင်းနှုတ်ဆက်လိုက်တော့ " မင်းက ငါတို့ကိုပစ်ထားတဲ့ကောင် လာမခေါ်နဲ့ မင်းကလေးတွေနဲ့ပဲနေတော့" သော်လွင်ဦးအပြောကို ရယ်ချင်လာပြီး "ဟာ ဟျောင့် ငါနှစ်တိုင်း ဒီအချိန်ဆို ဒီလိုပဲဆိုတာ မင်းတို့လည်းအသိပဲ ပစ်ထားတာလည်း မဟုတ်ဘူး‌လေကွာ ကလေးတွေစာမေးပွဲပြီးရင် မင်းတို့ကိုအချိန်ပေးမယ် မင်းတို့အိမ်တွေလိုက်နေမယ်ကွာ ဟုတ်ပြီလား" လို့ပဲ ပြောလိုက်မိတော့တယ်။သိမ့်နဲ့ လင်းလက်ကပါ မျက်စောင်းတွေထိုးပြီးကြည့်နေတော့ ကျွန်တော် အူတက်အောင်ပဲ ရယ်နေလိုက်တော့တယ်။တကယ့်သူငယ်ချင်းတွေ ဒါနဲ့များ ငါ့ကိုရည်းစားရစေချင်ကြသေး၊ ရည်းစားသာရရင် ရည်းစားကတစ်ဖက် သူတို့ကတစ်ဖက်နဲ့ ကြားထဲက ငါအတော်ကွိုင်မှာပဲ လို့ပဲ တွေးနေမိတော့သည်။

"မေကြီး ကိုသုရော ကျောင်းသွားပြီလား" အိမ်ထဲရောက်ရောက်ချင်း ကိုသုမမြင်တာနဲ့ အဆုမေးလိုက်မိသည်။ "သွားပါပြီတော် သေချာလည်းမှာသွားသေးတယ် အဆုနဲ့လွန်းကို စာသေချာကျက်ကြဖို့ ပြောပေးပါတဲ့လေ" မေကြီးပြောစကားကြားပြီး အဆုနဲ့ လွန်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်နေလိုက်ကြသည်။ ကိုသု ကိုသု သူကများငါတို့ကိုစိတ်မချရတယ်ရှိသေး ဟောဒီက သမီးယောင်းမနှစ်ယောက်ကလေ ကျောင်းအတူတူတက်ချင်လို့ကို စာတွေသေချာကျက်နေကြတာ သိရဲ့လား ကိုသုအစုတ်ပလုတ်အရိပ်အကဲနားမလည်သူကြီးရဲ့.....။

ထာဝရထက်ပို ( Completed )Where stories live. Discover now