အပိုင်း ( ၁၆ )

708 61 0
                                    

Unicode>>>>>

‌"လွန်းငယ်နဲ့ အဆုရေ ပြင်လို့ပြီးရင် အောက်ဆင်းခဲ့ကြတော့နော် သူငယ်ချင်းတွေဖုန်းဆက်ခေါ်နေပြီမို့" ကျွန်တော်လှမ်းအော်ပြီး မကြာပါဘူး လွန်းငယ်တို့ အောက်ဆင်းလာကြသည်။ လွန်းငယ်က ဆံပင်တွေလေး ချထားရင်ပိုလှတယ် လို့တွေးနေရင်း "အစ်ကို့ လွန်းငယ် ကြည့်ရတာအဆင်ပြေလား" လို့ လွန်းငယ်ကမေးတော့ ကျွန်တော်လည်း တစ်ချက်ကြည့်လိုက်သည်။
"အင်းပြေပါတယ် အကျီကပုခုံးသားပေါ်ပြီး စကတ်ကတိုနေတာကလွဲလို့" ကျွန်တော်ပြန်ဖြေလိုက်တော့ လွန်းငယ်ကရယ်ပြီး "အစ်ကိုကလည်း ဆံပင်ချထားတာပဲဟာ ပုခုံးသိပ်မပေါ်ပါဘူး စကတ်အရှည်ဝတ်ရင် အစ်ကိုက ပြောဦးမှာ‌မလား အစ်ကို့ဘီးနဲ့ငြိဦးမယ်ဆိုပြီး" ကျွန်တော်လည်း လွန်းငယ်ကိုစချင်လာတာနဲ့ "လွန်းငယ်က အစ်ကို့နောက် လိုက်ရမယ်လို့ ဘယ်သူပြောလို့လဲ" လို့ စနောက်ပြီးပြောလိုက်တော့ မျက်နှာလေးပျက်သွားရှာတယ်။

အဲ့ဒါနဲ့ ကျွန်တော်လည်း လွန်းငယ်ပါးလေးကို ဆွဲညှစ်လိုက်ပြီး "အစ်ကို့စက်ဘီးက နောက်ခုံက လွန်းငယ်အတွက်ပဲ ပြန်တပ်ထားတာလေ " လို့ပြောလိုက်တော့ လွန်းငယ်ပြန်ပြုံးလာပါရော။ လွန်းငယ်ပျော်ပါစေဆိုတဲ့စိတ်နဲ့ ညာလိုက်ရတဲ့စကားတွေကြောင့် လွန်းငယ် ဗွေမယူပါနဲ့နော်။ "အမလေး ဟောဒီက အဆုလေးအတွက်ရော ဘယ်သူကထားပေးမှာလဲ ဟွန့်" ဆိုပြီး စက်ဘီးလေး ယူပြီး အရင်ထွက်သွားတော့ကျွန်တော်လည်း လွန်းငယ်ကို တင်ပြီး အဆုတို့နဲ့အတူ ထက်အောင်တို့ နွယ်တို့နဲ့ချိန်းထားတဲ့နေရာဆီ သွားခဲ့ကြတော့သည်။
"ဟေးဟိုမှာ သုထက်တို့လာနေပြီ နောက်ကကောင်မလေးကဘယ်သူပါလိမ့်" ထက်အောင်ကစကားစလိုက်တော့ သိမ့်ကလည်း " သူ့ညီမလေး အဆုနေမှာပေါ့" တဲ့။
"ဟာ မဟုတ်ဘူးဟ အဆုကသက်သက်တစ်စီး စီးလာတာ"

ထက်အောင်နဲ့သိမ့် ငြင်းခုံနေတာနဲ့ပဲ " သုထက်က သူ့ညီမလေးတွေခေါ်လာမယ်ပြောတယ်မလား သူ့ညီမလေးပဲနေမှာပေါ့ နင်တို့ကလည်း စပ်စုလိုက်တာလွန်ရော" လင်းလက်ကဝင်ပြောမှ ပြန်ငြိမ်သွားကြသည်။ သူတို့ငြင်းခုံနေတာနဲ့ နွယ်လည်း သိချင်စိတ်နဲ့ လှမ်းကြည့်လိုက်တော့ သုထက်ရဲ့နောက်မှာ ကောင်မလေးတစ်ယောက် အဝေးကကြည့်ရုံနဲ့တင် ချစ်စရာပုံစံလေးမှန်း သိသာတယ်။
နွယ်ထွက်သွားခဲ့ကတည်းက အခုချိန်အထိ သုထက် နွယ့်ကိုစောင့်နေခဲ့တဲ့အကြောင်းကို သိမ့်တို့က အကြောင်းစုံပြောပြထားတာမို့ နွယ့်အမှားတွေအတွက် သုထက်ကို အားနာနေမိခဲ့သည်။ သုထက်ရဲ့စက်ဘီးလေးကိုမြင်တိုင်းလည်း အတိတ်ကိုပြန်တွေးမိပြီး နာကျင်ရသလို ခံစားရသည်။အရင်တစ်ခေါက် သုထက်နဲ့ပြန်တွေ့တုန်းက သုထက်စက်ဘီးနောက် လိုက်စီးခဲ့ရတာဟာ နွယ်နဲ့ အဲ့ဒီစက်ဘီးလေးရဲ့ နောက်ဆုံးအမှတ်တရ ဖြစ်မှာပါလေ။

ထာဝရထက်ပို ( Completed )Where stories live. Discover now