Astronomy

2.1K 153 2
                                    

A tale old as time, young love don't last for life

Astronomy (Conan Gray)



~~~~~~~~~~~~~~~~~~~~~~~~
Switzerland, Speiz villiage


မနက်ခင်းရောက်ပြီဖြစ်သောကြောင့်
တောင်တန်းအနောက်ဘက်မှထွက်လာသောနေရောင်ခြည်သည်ရွာတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။ထိုနေရောင်ခြည်ဖျော့ဖျော့သည်
အေးခဲနေသောရာသီဥတုကို အနည်းငယ်မျှနွေးအောင်သာလုပ်ပေးနိုင်သည်။
ဂျယ်ယွန်းအိပ်ရာနိုးပြီဖြစ်၍မေမေထိုးပေးထားသောသိုးမွှေးမာဖလာကိုသေချာပတ်ကာလက်အိပ်ကိုဝတ်လိုက်သည်။ကိုယ့်ကိုကိုယ်မှန်ထဲပြန်
ကြည့်တော့အပြင်ထွက်ရန်အဆင်​ပြေပြီ
ဖြစ်သောကြောင့်အိမ်အောက်သို့ဆင်းလာ
ခဲ့သည်။
အိမ်အောက်သို့ရောက်တော့မေမေလုပ်ထားသောrosti၏အနံ့ကြောင့်
ချက်ချင်းဗိုက်ဆာလာသလိုပင်။

''ကျတော်ဗိုက်ဆာလာပြီ''

ဂျယ်ယွန်းကိုကျောပေးထားသောမေမေ့
ကိုအနောက်ကလှမ်းဖက်လိုက်တော့မေမေကပြန်လှည့်ကြည့်ကာပြုံးပြလာသည်။

''စားလို့ရပါပြီရှင့်''

စားပွဲပေါ်တွင်ပေါင်မုန့်၊ယိုများနှင့်ချိစ်အနှစ်
များကိုစုံလင်စွာတွေ့ရသည်။
ပြီးလျှင်အငွေ့တထောင်းထောင်းထနေသော rosti...
ဂျယ်ယွန်းခွဲယူကာစားလိုက်တော့နူးညံ့
သောအာလူး၏အရသာကပါးစပ်ထဲ
ပျော်ဝင်သွားသည်။
အိုးထဲမှအခုမှချထားပုံရသောနွားနို့ပူပူကလည်း​သောက်ရတာအရသာရှိလွန်းနေသည်။

''မေမေ့လက်ရာအကောင်းဆုံးပဲ''

''များများစားနော် ဒီနေ့ဘယ်သွားဦးမှာလဲ''

''ထုံးစံအတိုင်း ရေကန်ဘေးကိုပဲ
ကျတော်စာအုပ်ဖတ်တာမပြီးသေးဘူး''

''စောစောပြန်လာခဲ့နော် ''

''ဟုတ်ကဲ့''

သားအမိနှစ်ယောက်စားသောက်ပြီး၍မေ့မေ့
ကိုနှုတ်ဆက်ကာစက်ဘီးတစ်စီး
ဖြင့်ငှားနေကျစာအုပ်စီသို့ဦးတည်လိုက်
သည်။
နေရောင်ခြည်ကရွာအလယ်ရှိရဲတိုက်ကြီးပေါ်ခပ်ဖျော့ဖျော့ကျနေသောကြောင့်ရဲတိုက်ကြီး
ကအရင်ကထက်အသက်ဝင်နေသည်။
တောင်ထိပ်နှင့်ကောင်းကင်ကြီးသည်
ထိစပ်နေသ​ယောင်ရှိပြီးတောင်တန်း
ထိပ်မှအငွေ့များကနေရောင်ခြည်ကို
ဖုံးလုနီးပါးဖြစ်နေသည်။
တောင်အောက်မှာရှိသောdaffodilပန်းခင်းကြီးကလည်းအဝါရောင်တောက်တောက်ဖြင့်ရာသီဥတုနှင့်ပနံသင့်လွန်းသည်။
အေးချမ်းမူနှင့်အတူစိတ်ကြည်နူးမှု
အတိပေးသောကြောင့်ကျောင်းပိတ်ရက်
တွင်ဒီကိုလာတာမှန်သွားသည်။

𝘾𝙝𝙤𝙘𝙤𝙡𝙖𝙩𝙚Where stories live. Discover now