You lift my feet off the ground, spin me around
You make me crazier, crazierCrazier(Taylor Swift)
~~~~~~~~~~~~~~~~~~~~~~~
ကမ်းစပ်နားကတောင်ကုန်းမို့မို့မှ ကြည်လင်
နေသောကမ်းစပ်နှင့်အတူ ဘေးပတ်လည်တွင်
အလေ့ကျပေါက်နေသောတောပန်းရိုင်းများ
ကိုအရောင်စုံစွာလှမ်းတွေ့ရသည်။
နေထွက်နေသော်လည်းဆောင်းတွင်းမလို့
အအေးဓာတ်ကိုထိုနေရောင်ခြည်ကမထိုး
ဖောက်နိုင်ပေ။
ကန်ရေပြင်ကိုကျောက်ခဲတစ်လုံးပစ်ပေါက်
လိုက်သောအခါ ရေပြင်သေသည်စက်ဝိုင်း
သဖွယ်လှိုင်းများထသွားသည်။လှိုင်းထလေသောကန်ရေပြင်...
လေယူရာယိမ်းလေသောပန်းရိုင်းခင်း...
တရားခံမသိလေသောနှလုံးသားရင်ခုန်သံ...''ဒါဘယ်နေရာလဲ''
အတွေးတို့သည်ဘေးမှကိုလူချော၏အမေး
ကြောင့်ပျက်သွားသည်။သွားစရာမရှိဘူး
ဟုဆိုတာကြောင့်ဂျယ်ယွန်းစာအုပ်ငှားပြီး
သည်နှင့်သူလာသည့်နေရာကိုခေါ်လာခဲ့ခြင်း
ဖြစ်သည်။''ကြယ်တွေစုံတဲ့နေရာ''
''အခုကနေ့ဘက်ကြီးလေ''
ဂျယ်ယွန်းဘာမှဆက်မပြောပဲမြက်ခင်းစိမ်းပေါ်
တွင်ထိုင်ချလိုက်သည်။ခုထိနာမည်မသိသေး
သောထိုကောင်လေးကလည်းထိုင်ချသည်။
ဂျယ်ယွန်းထိုကောင်လေးနှင့်သူငယ်ချင်း
လုပ်မယ်သာပြောသည်။ဘယ်ကစပြောရမှန်း
မသိ...
အသက်အရွယ်ကိုခန့်မှန်းကြည့်သလောက်
သူနဲ့ရွယ်တူဖြစ်နိုင်သည်။
တစ်ခုခုတော့ကြံဦးမှပေ...
သူကဒီလိုပျင်းစရာကောင်းလို့သူငယ်ချင်း
သိပ်မရှိပင်မဲ့လို့...ဒီကောင်လေးနဲ့တော့
ခင်ချင်ပါသည်။
သူတို့နှစ်ယောက်လုံးအရိပ်ရသောသစ်ပင်
ကြီးအောက်တွင်ထိုင်နေကြတာမလို့
ဆောင်းလေတစ်ချက်တိုက်သောအချိန်တွင်သစ်ရွက်များကအပြိုင်အဆိုင်မြေပြင်
ပေါ်သို့ကျသည်။
သစ်ရွက်ကြွေသောအသံသည်ပိုးကောင်
လေးများအော်မြည်သံကိုဖုံးလွှမ်းသွားသည်။''နာမည်ဘယ်...
စကားမဆုံးလိုက်။သူ့ခေါင်းကိုထိနေသော
လက်တစ်စုံကြောင့်ပြောမည့်စကားတို့
လေထဲတွင်ပျောက်ရှသွားသည်။ထို့အတူ
သစ်ရွက်ကြွေများသည်လည်းလေထဲမှာ
ရပ်တန့်နေသလို၊သူရှေ့ကကောင်လေးနှင့်
ဂျယ်ယွန်းနှစ်ယောက်ထဲရှိတော့သလိုမျိုး
ပတ်ဝန်းကျင်ကအရာအားလုံးကအနှေးပြကွက်
တစ်ခုလိုဖြစ်နေသည်။