•chapter-5•

1.3K 137 2
                                    

ထီးပေးသွားတဲ့နေ့ထဲက ‌ဂျောင်ကုကို
မတွေ့ရသည်မှာ နှစ်ရက်ရှိပြီ။
မိုးမိပြီးဖျားနေပြီလား?
ငါကဘာလို့ဂရုစိုက်နေတာလဲ..
ထယ်ယောင်း စာကိုအာရုံစိုက်စမ်း!

ထယ်ယောင်းလဲ ကိုယ့်ကိုကိုယ်ပြန်ကြိမ်းရင်း
စာကိုအာရုံစိုက်လိုက်သည်။သို့သော်
မိနစ်အနည်းငယ်မျှသာ..ခဏနေတော့
ဂျောင်ကုအကြောင်းပြန်တွေးမိဆဲ။

သူကငါ့ပထမဆုံးအနမ်းကိုလုယူသွားတဲ့့လူလေ။
အမြင်ကပ်လို့စိတ်ထဲဆွဲနေတာနေမှာ..
ဟုတ်တယ် ကြည့်မရလို့။
မသိစိတ်ထဲက စိတ်ပူနေသည်ကိုတော့
ထယ်ယောင်း၀န်မခံပါ။

-royal camellia-

"ထမင်းကောင်းကောင်းစားစမ်း ထယ်ယောင်း
ဘယ်သူ့ကိုမျှော်နေတာလဲ"

"ဘယ်သူ့ကိုမျှော်ရမှာလဲ
ဒီတိုင်းဟိုကြည့်ဒီကြည့်"

"အခုတလော မူမမှန်ဘူးနော် ထယ်ယောင်း
ငါ့ကိုပြောစမ်း ဘာတွေဖြစ်နေတာလဲ"

"မဖြစ်ပါဘူးကွာ မင်းအတွေး‌လွန်နေတာ"

"မဟုတ်ဘူး မင်းနဲ့ငါပေါင်းလာတာ
၁၀နှစ်ကျော်ပြီ ငါ့ကိုလိမ်ဖို့မကြိုးစားစမ်းနဲ့"

ထယ်ယောင်းက သက်ပြင်းကိုဖွဖွချသည်။
ဂျီမင်းက‌လဲတစ်ခွန်းမှ၀င်မပြောပေမယ့်
စူးစမ်းသလိုလေးကြည့်နေသည်။
အခုဆိုဂျီမင်းကသူတို့နှစ်ယောက်လုံးနှင့်
ခင်နေပြီဖြစ်သည်။ဂျီမင်းကြောင့်
ဒီမှာ နေသားကျသွားသည်ဟုလဲဆိုရမည်။

ဂျောင်ကုအကြောင်း ယွန်းဂီကိုမပြောချင်ပါ။
ပြသနာသွားရှာမယ်ဆိုတာ
ဗေဒင်မေးစရာပင်မလို။ဂျောင်ကုကလဲ
လက်ရဲဇက်ရဲ၊ယွန်းဂီကလဲ'ဇ'မသေးတာကြောင့်
အကြီးအကျယ်တွေဖြစ်ကုန်လိမ့်မည်။
အဲ့လိုဆိုပေမယ့်လဲ ယွန်းဂီကိုလိမ်လို့မရ။
ငယ်ငယ်ထဲကပေါင်းလာတာမို့
‌ထယ်ယောင်းအကြောင်းနှောကျေနေပြီဖြစ်သည်။

"ငါ မပြောချင်သေးဘူး မင်းကိုလဲမလိမ်ချင်ဘူး"

"အင်း သိပြီ မင်းမပြောချင်သေးရင်ထားတော့
ဒါပေမယ့် တစ်ခုခုဆိုငါ့ကိုမဖုံးကွယ်ပါနဲ့"

"အင်းပါ"

ခြောက်ကပ်စွာတိတ်ဆိတ်သွားတဲ့
အခြေအနေကိုဂျီမင်းသဘောမကျတာကြောင့်

royal camellia | taekook [com]Where stories live. Discover now