[yoonmin special chapter]

560 64 0
                                    

'ယွန်းဂီနဲ့လက်တွဲလျှောက်ချင်လို့'ဆိုပြီး
ပူဆာထားတဲ့အသေးလေးကြောင့်
ကားအသစ်ကြီးကိုချောင်ထိုးခဲ့ကာ
မျက်နှာချင်းဆိုင်ကအသေးလေးတို့အိမ်သို့
မြန်မြန်လေးပြေးသွားလိုက်သည်။

"ဟယ်လို ကိုယ်မင်းတို့အိမ်ရှေ့ရောက်နေပြီ"

'ဟုတ်ဟုတ် ကျွန်တော်အခုထွက်ခဲ့မယ်'

Officially'ကိုယ်'လို့သုံးခွင့်ရပြီမို့
အဲ့လိုသုံးတိုင်းလဲအကြီးကြီးကျေနပ်ကာ
တစ်ယောက်တည်းရှက်သွေးတွေဖြာနေတဲ့
ယွန်းဂီပါလေ။တခါမှရည်းစားဆိုတာမျိုး
မရှိဖူးတာမို့ ခံစားချက်အသစ်တွေလဲရကာ
စိတ်တွေလဲလှုပ်ရှားရသည်။

သူကသာ‌ပုံမှန်ထက်ပိုပြီးကောင်းကောင်းကန်းကန်း‌ေတွ
ပြင်ဆင်လာသော်လဲ အသေးလေးမှာတော့
ခါတိုင်းပုံစံအတိုင်း hoodieအဝါနှင့်
‌ဂျင်းအနုလေး။သို့‌ေသာ်ချစ်ဖို့‌ေကာင်းတဲ့လူကဘယ်လိုပဲနေနေချစ်ဖို့ကောင်းသည်ဆိုတဲ့အတိုင်း
ယွန်းဂီမျက်လုံးထဲမှာတော့ ဂျီမင်းဟာ
ချစ်စရာအကောင်းဆုံးလူသားလေးပင်။

"ဘာလို့အဲ့ကြည့်နေတာလဲ
ကျွန်တော့်ပုံစံတမျိုးဖြစ်နေလို့လားဟင်"

"ချစ်ဖို့ကောင်းလို့"

"အာ..."

"သွားရအောင်လေ"

"အွန်း.."

ယွန်းဂီဘက်ကပဲစပြီး
အသေးလေးရဲ့လက်ကိုဆွဲလိုက်သည်။
ခပ်ကြီးကြီးhoodieအောက်မှာမြုပ်နေတဲ့
လက်ဖောင်းဖောင်းလေးရဲ့နွေးထွေးမှုကြောင့်
ယွန်းဂီနှလုံးသားလေးပါနွေးခနဲဖြစ်သွားရသည်။
တွဲခဲ့တာ၂လကျော်ပြီဆိုသော်ငြား
အထိအတွေ့သေးသေးလေးကပင်
နှစ်ယောက်လုံးကိုရှက်သွေးဖြာစေတုန်း။

သူတို့ရဲ့first dateလေးမှာကို
ချစ်စရာကောင်းတဲ့နေရာလေးတွေမှာ
ကုန်ဆုံးဖို့ဆုံးဖြတ်ထားသည်။
တညလုံးgoogleမှာအချိန်ဖြုန်းကာ
ယွန်းဂီရှာထားရခြင်းပင်။

ပထမဆုံးအနေနဲ့bosu book street

ပထမဆုံးအနေနဲ့bosu book street

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
royal camellia | taekook [com]Where stories live. Discover now