•O n e•

1K 89 7
                                    

あなたは私です、私はあなたです
...

မင်းကမင်းငါကငါပါပဲ...။
________________________

2021|June လ 1ရက်နေ့

မိုးစက်မိုးပေါက်တို့သည်မြေသားပြင်ပေါ်သို့
ခပ်စိပ်စိပ်အနေအထားနဲ့သက်ဆင်းနေကြလေရဲ့..။
မြေသားပွပွထက်က မြက်ပင်ကလေးတွေသည် ရေသီးစက်ကိုယ်စီဖြင့် စိမ်းလဲ့နေလျှက်။

ခါတိုင်းကျလိကျလိအော်နေကြငှက်ကလေးတွေရဲ့အသံအစား တဖြောက်ဖြောက်သက်ဆင်းနေသည့်မိုးသံသဲ့သဲ့သည် ရေဒီယိုက
ဆွေးလွှလွှသံစဉ်အချို့နဲ့ ပနံသင့်နေ
သယောင်။
ပြတင်းပေါက်ကလှမ်းမြင်နေရတဲ့လမ်းမဟောင်းကြီးရဲ့‌ရေတွေအိုင်နေတဲ့ချိုင့်ခွက်တွေထဲ မိုးပေါက်ကလေးတွေကျနေပုံကလည်း အနုပညာတစ်ခုပြေးလွှားနေသလို။
တကယ်‌တော့ကမ္ဘာလောကကြီးက အရာရာတိုင်းက ဘုရားဖန်ဆင်းပေးထားတဲ့လှပမှု အနုပညာတွေကြီးပါပဲ ရှုမြင်ပုံချင်း မတူ
လို့သာ လူတွေဟာကွဲပြားနေကြရတာပေါ့။

နာရီသံတဂျက်ဂျက်က 7:15 ကိုဖော်ပြနေသည်။
သိပ်မလိုတော့ဘူးပဲကျောင်းတက်ဖို့က။

အငွေ့တွေထနေဆဲဖြစ်တဲ့လက်တေးကော်ဖီတစ်ခွက်ကို တငုံလောက်မော့ချလိုက်ပြီး
ပြီးခါနီး အိမ်စာတွေကို ခပ်မြန်မြန် အချောသတ်ရတော့တယ်။

အကုန်ပြီးသွားတော့ ရေးလက်စ penကို
ခနချပြီး အညို‌ရောင်သစ်သားစာပွဲပေါ်သော့သော့လေးချလိုက်ပြီးခုံမှထကာကော်ဖီခွက်ကိုယူပြီး ပြတင်းပေါက်နားတိုးကပ်သွားလိုက်တယ်။

အချိန်နီးနေမှန်းသိပေမယ့်ခနပါပဲ။ လုယှက် ပြေးလွှားနေရတာမျိုးမကြိုက်တဲ့သူ့အတွက်
15မိနစ်လောက်နောက်ကျတာလည်း ထူးထူးခြားခြား ဆန်းဆန်းကျယ်ကျယ်ကြီးဖြစ်မသွားတာမို့။  အနည်းဆုံးတော့အတန်းနောက်ကျယုံလောက်ပေါ့။
ပြတင်းပေါက် မှန်ချပ်‌ပြင်ကစီးကျနေတဲ့ ရေသီးစက်တချို့နဲ့ တ‌ဖြောက်ဖြောက် သံလေးက သူ့အရမ်းသဘောကျမိတဲ့ သဘာ၀ကပြုလုပ်တဲ့သံစဉ်တစ်ခုလိုရယ်။ ပြတင်းပေါက်ဘောင်ပေါ်လက်တင်ရင်း ဘောင်အပြင်က မြင်ကွင်းကိုပိုနီးကပ်သွားအောင်တိုးကြည့်လိုက်တယ်။ ရေစက်တချို့က နှာခေါင်းထိပ်လေးကိုလာစင်‌တော့အသာအယာတောင်ပြုံးလိုက်မိသွားတယ်။

Midnight's Door | TG [Eden Contest]Where stories live. Discover now