•T h r e e•

276 59 7
                                    

私が知っていた誰かが私に影響を与えていたのは驚くべきことです

အခုမှသိတဲ့လူတစ်‌ယောက်ကကျွန်တော့်ကိုလွှမ်းမိုးနေတာတော့ရီချင်စရာပဲ...။

あなたがすでに知っている人々のよう

အရင်ကထဲကသိနှင့်နေပြီးသားလူတွေ
လိုလေ။

_____________________________

ပြတင်းပေါက်ဘောင်နားကို တိုးကပ်ကာ  မှန်ချပ်တွေပေါ်က စီးကျနေတဲ့ရေသီးစက်တွေကိုခံစားချက်မဲ့စွာ ထိုင်ငေးနေလိုက်သည်။

ဒီနေ့လဲမိုးရွာနေပြန်ပြီ သဲသဲမဲမဲပဲ ကျောင်းရောက်လာတော့ ကျောင်း၀တ်စုံတွေတောင် ရေတွေနဲ့ ဟိုတကွက်ဒီတကွက်ရွဲနေလောက်
အောင်ပဲ။

မိုးရာသီကိုမမုန်းပေမယ့် မိုးရွာတာကို မုန်းတယ်မိုးရွာပြီးသင်းလာတဲ့ မြေသင်းနံ့ပျံ့ပျံ့တွေကိုတော့သဘောကျတယ်။ မိုးရွာတာကိုဘာလို့မုန်းရလဲဆိုရင် ငယ်ငယ်ကထဲက မိုးရွာရင် ဆွေးမြေ့နေတဲ့ခံစားချက်ကြီးကတကိုယ်လုံးကိုပြေးလွှားနေခဲ့လို့ တစုံတစ်ယောက်ကိုအသဲအသန်လိုအပ်ခဲ့လို့ သေချာပေါက်ပဲ အဖြေရမရတဲ့ပုစ္ဆာလိုမျိုးဘ၀တည်ဆောက်ပုံကြောင့် အခုထိ ဘာကြောင့်လည်းအဖြေရှာမရသေးတာကြောင့် မိုးကိုမုန်းခဲ့တာ။

အခုတော့အရင်က အဖြေရှာမရတဲ့
ခပ်ဆွေးဆွေးခံစားချက်တွေထက် နှစ်ဆလောက်ရင်ထဲတင်းကျပ်ကာ အလိုမကျ။

"ထယ်ဟျောင်း မင်းဘာတွေဖြစ်နေတာလဲ"

"အရင်ကလည်း ဒီလိုပဲဆိုပေမယ့်အရင်ကထက်ပိုမှိုင်နေသလိုပဲ"

"မသိဘူး ငါ့ကိုငါဘာဖြစ်နေမှန်း"

ပြတင်းပေါက်ကနေစာသင်ခုံကို
တတောက်‌တောက်‌ခေါက်နေသည့်လက်တွေသည် ဂနာမငြိမ်။ ဒါ သူ့အရမ်းစိတ်ရှုပ်နေလျှင်လုပ်နေကြအကျင့်မှန်း ဂျီမင်ကသိနေသည်။

"အရမ်းစိတ် ဖြေစီးနေရင်
ကျောင်းမလာပဲ နားသင့်တယ်မဟုတ်ရင်
ပိုဆိုးလိမ့်မယ်"

သူပြောရင်လည်းပြောချင်စရာပဲ သူအရမ်းစိတ်ရှုပ်လာပြီ ၀မ်းနည်းလာပြီဆိုရင်
သာမန်ထက်ပိုတိတ်ဆိတ်သွားပြီး
ခုံကိုတတောက်တောက်အကြာကြီးခေါက်နေတက်သည်အိပ်လည်းမအိပ် စားလည်းမစားပဲ အတွေးတွေနဲ့ကိုယ့်ကိုယ်ကို ဒုက္ခပေးရင်း နောက်ဆုံးသတိလစ်တဲ့အထိ ။

Midnight's Door | TG [Eden Contest]Where stories live. Discover now