MY BROWNIE BOY - 2

206 36 6
                                    

ZAWGYI

*Ting*

msgဝင်လာလို့ ဝင်ပြီးဖတ်လိုက်တော့သည်။

🗨️ : Bin bin ညနေသောက်နေဆိုင်ကို လာခဲ့နော်

🗨️ : ဘာနေ့မို့လို့လဲ?

🗨️ : ငါတို့မတွေ့ရတာ ၂ ပတ်တောင်ရှိပြီလေ။ ဘာလဲ မလာချင်လို့လား?

🗨️ : မဟုတ်ပါဘူး လာခဲ့မယ်။

ညနေဘက်ကိုရောက်တော့ သောက်နေကြဆိုင်ကို ထွက်ခဲ့တော့တာပေါ့။

"ဝါး မ‌တွေ့တာကြာပြီနော် Seo Changbin"

"အချစ်နဲ့တွေ့တော့ ငါတို့ကို ပလစ်နေတာလေ။"

"တကယ့်ကို ပြောစရာစကားမရှိတော့ပါဘူး"

"ရား မင်းတို့နှစ်ကောင် ငါ့ကို‌ပြောဖို့ ဒီကိုခေါ်ထားတာလား?"
changbinထအော်တော့မှ မျက်နှာငယ်လေးတွေ‌နဲ့ ငြိမ်သွားတော့တာပေါ့။

"မင်းတို့ပဲ ဒီအကြံကို ပေးထားတာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ ဒါပေမဲ့ မင်းက နေ့တိုင်းသွားနေတာတော့ မဟုတ်ဘူးမလား?" Minhoက ဒီအတိုင်း မေးလိုက်ပေမဲ့ changbinက ခေါင်းငြိမ့်ပြလိုက်တာမို့

"WTF!!! တကယ်ကြီးလား?"

"အော် ဟုတ်ပါတယ်ဆိုမှ အရစ်ကိုရှည်လွန်းတယ်"

"မင်းနေ့တိုင်းလာနေတော့ သူက မင်းကို ဘာမှမပြောဘူးလား?" Bang Chanက ဝင်မေးလိုက်တော့

"ဟင့်အင်း မမေးဘူး ငါတို့က ရင်း‌တောင်ရင်းနှီးသွားကြပြီ ဟီးဟီး"

"‌Seo Changbinတို့က လက်မြန်ခြေမြန်ရှိလိုက်တာဟေး"

Changbinလည်း ပြုံးပြလိုက်ပြီးတော့

"အဲ့တာကအရေးမကြီးဘူး အိမ်ကမားသားကြီးက ငါ့ကို နေ့တိုင်း အပြင်ထွက်နေလို့ အမြင်မကြည်‌ချင်တော့ဘူးဟ"

"အေးလေ မင်းက အရင်က အိမ်ထဲမှာပဲနေတာကို အိမ်ပြင်မှမထွက်တာကို"

"အဲ့လို အမြင်မကြည်မှာစိုးလို့ကို ငါ့မှာနေ့တိုင်း ဘကောင်နီတွေ ဝယ်ဝယ်လာပေးတာကို!"

"ဟေ့ကောင် နေ့တိုင်းဝယ်သွားနေတာလား!?" Minhoက ထအော်လိုက်တော့

MY BROWNIE BOY || CHANGLIXWhere stories live. Discover now