MY BROWNIE BOY - EXTRA

224 35 0
                                    

Zawgyi

ကောင်းကင်ကြီးက မှောင်မည်းနေပြီး မိုးတွေကလည်း တဂျိန်းဂျိန်းနဲ့ ခြိမ်းနေတော့သည်။

အသိစိတ်တွေပျောက်ဆုံးနေတဲ့အထိ အရက်မူးနေတဲ့ ကောင်လေးက အလူးအလဲထပြီးတော့ ထီးလေးတစ်လက်ကို ကိုင်ကာတစ်နေရာကို ပြေးထွက်လာတော့သည်။

ကိုယ်လာပြီ yongbokလေး။ တအားကြောက်နေခဲ့တာလား?

မိုးနတ်မင်းကြီးရယ် ကျွန်တော် တောင်းပန်ပါတယ်
ကျွန်တော်မြတ်နိုးရတဲ့သူက မိုးခြိမ်းသံတွေကို ကြောက်တာမို့လို မခြိမ်းပေးပဲနေပေးလို့ရမလားဟင်?

သူကောင်းကောင်းအနားယူပါစေ။

သို့ပေမဲ့ မိုးနတ်မင်းကြီး သူ့ဆုတောင်းကိုမဖြည့်ပေးခဲ့ပေ။

မိုးစက်လေးတွေ တစ်ပေါက်နှစ်ပေါက်ကနေစပြီးတော့ မိုးကသည်းကြီးမည်းကြီး ရွာချလာတော့သည်။

မဖြစ်ဘူး ငါ့ကလေးတော့ ချမ်းနေတော့မှာပဲ
ထီးလေးကို သေချာမိုးထားနော် ကလေး။
မိုးမိရင် ဖျားလိမ့်မယ်။

ကိုယ်ကလား? ကိုယ်ကကိစ္စမရှိပါဘူး
ကိုယ်က ခံနိုင်တယ်ကလေးရဲ့။

ကလေးသာ လုံလုံခြုံခြုံနေနော်။

မိုးရေတွေစိုနေပေမဲ့ ဘာမှမဖြစ်ပါဘူး အဓိကက ကလေး‌လုံခြုံနေတယ်လေ ဟုတ်တယ်မလား?

"သားလေး Changbin?" မိုးရေထဲမှာ ဒီအတိုင်း နေနေတုန်း ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်လိုက်မိတယ်။

သူ့ကိုခေါ်နေတာကတော့ တခြားမဟုတ် Felixရဲ့ မိဘတွေပင်။

"အန်တီနဲ့အန်ကယ်!"

"သားလေး မိုးရေထဲမှာ ဘာလုပ်နေတာလဲ?"

Felixရဲ့ အုတ်ဂူဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ကာ

"yongbokလေး တစ်ယောက်တည်းကြောက်နေမှာ စိုးလို့ပါ"

Felixရဲ့မိဘတွေ စိတ်ထဲမှာ ကြည်နူးသလိုခံစားလိုက်ရပေမဲ့ တစ်ချိန်တည်းမှာပဲ changbinကို စိုးရိမ်နေတာကို အထင်းသားမြင်နေရတာပေါ့။

"ဒါပေမဲ့သားလေး မိုးရေထဲမှာ ဒီအတိုင်းနေနေတော့ အအေးပတ်မှာပေါ့"

MY BROWNIE BOY || CHANGLIXWhere stories live. Discover now