Zawgi
သူမ လှေခါးထစ်တွေကနေ အောက်ကို ဆင်းလာတော့ သန့်ရှင်းရေး လုပ်နေသည့် အလုပ်သမားများကိုတွေ့သည်။
နေရတာ ကြာလာသည်နှင့်အမျှ တစ်ချို့သော အမူကျင့်တွေကို သတိထားမိခဲ့သည်။ဒီလို အလုပ်သမားတွေ သန့်ရှင်းရေး လုပ်နေတဲ့ အချိန်တွေဆို ဖိုးဖိုးကြီးက အောက်ကိုဆင်းမလာတက်ဘူး။ ဒါကြောင့်မို့ သူလွတ်လွတ်လပ်လပ် နေလို့ရတယ် အပြင်ဖက်မှာ ဒီချိန်တွေဆို။ ဘယ်လိုလုပ်သူက ဖိုးဖိုးကြီးကို ရှောင်ဖို့အတွက်နဲ့ တစ်နေကုန်လုံး သူ့အခန်းထဲမှာဘဲ နေနိုင်မှာလဲ။
တကယ်တမ်း ပြောရရင် သူ ဒီကင်မ်အိမ်တော်ကြီးကို အများကြီး သဘောကျသည်။ သူ့လို အနိမ့်ဘဝက လာတဲ့သူအတွက် ဒီအိမ်တော်ကြီးရဲ့ တည်ဆောက်ပုံနှင့် အလှဆင်ထားသည်တို့က အမြဲတမ်းအသစ်သစ်သော အံ့ဩဖွယ်ရာတွေနဲ့ ပြ့ည့်နှက်နေသလို။
သူ အခုထိ အိမ်တော်ကြီးရဲ့ နေရာစုံကို မရောက်ဖူးသေးဘူး။
သူ ဒီလိုနဲ့ အခန်းထဲမှာ အလှဆင်ထားတဲ့ တန်ဖိုးကြီး ပစ္စည်းတွေရဲ့ လက်ရာတွေကို လိုက်ကြည့်နေမိသည်။ သူလို အောက်ခြေဘဝက လာတဲ့သူတွေတောင် ဈေးကို မခန့်မှန်းနိုင်ပေမဲ့ ပစ္စည်းတွေရဲ့ ကြီးမားလှတဲ့ ငွေကိန်းဂဏန်းတွေကို ခံစားမိသည်။ ဧည့်ခန်းကြီး တစ်ခုလုံးသည် အမျိုးစား စုံလင်သော အနုပညာ ပြတိုက်ကြီး တစ်ခုအလား။ သူမကတော့ အနုပညာကို မခံစားတက်၍ မဟုတ်။ ခံစားတက်သော်လည်း မပြည့်စုံတဲ့ ဘဝက လာသည်မို့ ထင်သည်။ သူ့မျက်လုံးထဲတွင်တော့ အလကား သတ်သတ်မဲ့ ဖြုန်းတီးနေသည် ဟုသာ ခံစားရသည်။ဒါပေမဲ့လဲ သူ့အာရုံကို ဖမ်းစားသွားတဲ့ အရာတစ်ခု။
ဧည့်ခန်းထဲက အလှစိုက်ထားသော ဘွန်ဆိုင်းပင်လေးက သူ့အာရုံတွေက ဖမ်းစားထားသည်။ ပုံမှန်အချိန်တွေမှာ သေချာမကြည့်မိတာကြောင့် မမြင်ရခြင်း ဖြစ်ပေမည်။
ငါ ဒီအလှလေးကို အခုမှ တွေ့ရသလား။
သူ့ရဲ့ အကိုင်းအခက်တွေက အများကြီး ဖျာထွက်နေတာမျိုး မဟုတ်ဘဲ ခွဲထွက်နေတဲ့ အကိုင်းအခက်တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်းမြင်ရခြင်းက သူ့ဆွဲဆောင်မှုတစ်ခုလို။ အဖျားတွင်လဲ မထင်ရှားသော အရောင်မှိန်လေးဖြင့် ပန်းလေးတစ်ပွင့်စ နှစ်ပွင့်စ ရှိနေသေးသည်။ အပင်ငယ်ရဲ့ အခက်အလက် အချိုးအဆစ်တွေက သေသပ်စွာ ဖြစ်တည်ပြီး လှပစွာ အားလုံးရဲ့အာရုံကို ဖမ်းယူနိုင်သည်။