အတူတူ သီချင်းဆိုခွင့်ရတိုင်း ငိုမိတယ်
မင်းရဲ့သီချင်းလေးထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခွင့်ရလို့...။ARMYလို့ မင်းလေးဟစ်အော်လိုက်တိုင်း ငိုမိတယ်
ကိုယ့်ရဲ့တည်ရှိနေမှုလေးကို မင်းကိုယ်တိုင် အသိအမှတ်ပြုပေးတာမို့...။ဆုပေးပွဲမှာ မင်းလေးဆုတွေရတိုင်း မျက်ရည်ကျမိတယ်
မင်းရဲ့ကြိုးစားမှုအရှိန်အဟုန်နဲ့ ထိုက်တန်လွန်းလို့...။
ကိုယ့်ရဲ့ကလေးတွေ အရမ်းတော်တယ်ဆိုတာ ထပ်ပြီးသိလိုက်ရလို့...။ဆာရာငယ် ၊ ဘိုရာဟယ်လို့ မင်းပြောတိုင်းလည်း မျက်ရည်ကျမိပြန်တယ်
အချစ်ခံရတယ်ဆိုတဲ့ခံစားချက်က ထင်ထားတာထက် နက်လွန်းနေတာကြောင့်...။
မင်းနှလုံးသားကပြောနေတဲ့ စကားတွေကို ကိုယ့်နှလုံးသားကြီးနဲ့ ခံစားမိလိုက်တာမို့...။သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ရင်းပြီး
ကိုယ်တွေကို မင်းပေးခဲ့တာ ပျော်ရွှင်မှု ။
မင်းကျစေခဲ့တဲ့ ကိုယ့်မျက်ရည်တွေကတောင် ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုတို့ကြောင့်ဖြစ်ပေါ်လာခဲ့တာမို့။° ° °
#Lajibononoarmy
#H.Vante
YOU ARE READING
𝐋𝐨𝐯𝐞 𝐢𝐧 𝐖𝐨𝐫𝐝𝐬
PoetryLove isn't visible. But words are. 🖤Not a story 🖤Just my love words 🖤In Burmese Subtitle A Completed Book full of my love quotes for the Seven Boys💜 Started in a day of 2021 July Completed on 2022 December 30 ©2021-2022