A Letter To Kim Tae Hyung
နတ်သားလေး..
ကိုယ်တို့ရဲ့ နတ်သားလေး
အရင်တုန်းကလို ပြောင်ပြောင်နောက်နောက်သိပ်မရှိတော့တဲ့ ရင့်ကျက်သွားတဲ့ ကိုယ့်တို့ အိန်ဂျယ်လေး
သြော် ကလေးကရင့်ကျက်သွားပါလားဆိုပြီးတွေးခဲ့ဖူးပါတယ်။အချို့သောပြောင်းလဲမှုလေးတွေကို နေသားမကျသေးတာကြောင့်။
ဒါပေမယ့်
မင်းလေးကိုကြည့်လိုက်ပြန်တော့လည်း ပိုဖောင်းလာတဲ့အဲ့ဒီပါးပြင်လေးတွေကလွဲလို့ ကျန်တာဘာမှပြောင်းလဲမသွားတဲ့ ကိုယ်သိခဲ့ဖူးတဲ့ Kim Taehyung ဆိုတဲ့ ကောင်ကလေးပါပဲလား။
ချစ်တယ်..
ခု OT7ဖြစ်နေပေမယ့်လည်း အရင်က Biasဖြစ်ခဲ့ဖူးတာမို့ မင်းမျက်ဝန်းလေးတွေကိုကြည့်မိလိုက်တိုင်း မင်းလေးအပေါ်ထားတဲ့ခံစားချက်ဟောင်းလေးတွေရင်ထဲကတလိမ့်လိမ့်တက်လာတုန်း။ချစ်တယ်၊ ချစ်တယ်လို့။
အရမ်းကြီးမငိုပါနဲ့။
မင်းငိုနေတဲ့အချိန် မင်းအနားရှိနေချင်ပေမယ့်၊ မင်းနားနေလို့ရတဲ့ပခုံးလေးဖြစ်ချင်မိပေမယ့်၊ မင်းလေးကိုထွေးပွေ့ထားပေးမယ့် ရင်ခွင်ကြီးဖြစ်ချင်ပေမယ့်လေ..
ခုတော့ ကိုယ်က စာလေးပဲရေးပေးနိုင်တဲ့ Fangirl လေးတစ်ယောက်သာဖြစ်နေခဲ့တော့လည်း.......Please don't cry my angel
💜💜💜💜💜💜💜••••••••••
နတ်သားလေး..
ဒါပေမယ့်
ချစ်တယ်..
အရမ်းကြီးမငိုပါနဲ့။
💜💜💜💜💜💜💜
YOU ARE READING
𝐋𝐨𝐯𝐞 𝐢𝐧 𝐖𝐨𝐫𝐝𝐬
PoetryLove isn't visible. But words are. 🖤Not a story 🖤Just my love words 🖤In Burmese Subtitle A Completed Book full of my love quotes for the Seven Boys💜 Started in a day of 2021 July Completed on 2022 December 30 ©2021-2022