အပိုင်း ၇ : အကယ်၍ ဒါဟာအဆုံးသတ်မဟုတ်ခဲ့ရင် ငါတို့ပြန်အဆင်ပြေနိုင်ဦးမလား ?
_________________________
" ကင်မ်မိုင်း...အဲ့ဒီမိန်းကလေးနဲ့မင်းက ပြန်ပတ်သတ်နေတာလား ထယ်ဟျောင်း? "
ဘယ်ရောက်ရောက် အဲ့ဒီစက်ကွင်းက မလွတ်နိုင်တဲ့ကိုယ့်အဖြစ်ကိုယ်တွေးကာ ထယ်ဟျောင်း ခပ်နုတ်နုတ်ရယ်မိပြီ။အိမ်ရောက်ရုံရှိသေး.. ကြိုဆိုနေသောအင်တာဗျူးက တသီတတန်းနှင့်။ ဒီနေ့ သူ့စိတ်နဲ့တော့ ဟုတ်နေပါပြီ။
" ဟန်နာက အမေ့ကိုဘာတွေပြောလို့လဲ? "
သူမပဲရှိလိမ့်မည်။ ဒီကိစ္စကို အရေးတယူပြောမည့်လူက ဟန်နာတစ်ယောက်တည်းသာ။ သူ့အမေးကိုအမေက သဘောမကျသလို မျက်မှောင်ကျုံ့ထားသည်။ ပြီးနောက်တစ်ခုခုပြောရန်.. စကားလမ်းကြောင်းရှာ၏။
နေပါဦး။ အမေက ဒီလောက်နှစ်တွေကြာနေတာတောင် မိုင်းကိုမှတ်မိနေသေးတာလား။ အရင်ကလည်း သူပြောဖူးခဲ့တယ်ဆိုတာ.. သူမနာမည်လေး အသိပေးရုံလောက်သာမဟုတ်လား။
" သမီးလေးက ဒီနေ့ သားရဲ့အလုပ်ဆီသွားတဲ့အကြောင်းကို ပြောပြရုံပဲ "
" ကြည့်လည်းလုပ်ပါဦး..။ စေ့စပ်တာက ကလေးကစားစရာမဟုတ်ဘူးနော်..ကင်မ်ထယ်ဟျောင်း "
ဟက်!
ထယ်ဟျောင်း ဒုတိယအကြိမ်မြောက် နှုတ်ခမ်းရွဲ့လို့ပြုံးမိလိုက်သည်။ အလိုတူ၍တော့မဟုတ်။ အမေကတော့ သူ့ကိုအမှန်တကယ်ချဉ်နေလောက်ပြီ။
" အမေစိတ်ချပါ..။ လူကြီးတွေနာမည်ပျက်အောင်တော့ မလုပ်ပါဘူး "
" ဒါဆို..ကျွန်တော် ပင်ပန်းနေလို့ အပေါ်တက်တော့မယ် "
" အင်းပါ.."
ဦးညွှတ်ကာ အိမ်အပေါ်သို့တက်သွားသောထယ်ဟျောင်းကျောပြင်အား မမှိတ်မသုန်စိုက်ကြည့်ရင်း အမေဖြစ်သူ၏ ရုတ်ချည်းပြောင်းလဲသွားသည့်မျက်နှာသည် အဓိပ္ပာယ်မျိုးစုံရောယှက်နေခဲ့လျက်။
ВЫ ЧИТАЕТЕ
To An Old Image [Completed]
Фанфикшн" ဆန့်ကျင်နေဆဲ မျှားနှစ်စင်း ထိပ်စွန်းတွေဟာ မင်းနဲ့ငါ " " ဆန့်ကျင်နေဆဲ မျှားနှစ်စင်း ထိပ်စွန်းတွေဟာ မင်းနဲ့ငါ " Kim Tae Hyung X OC
![To An Old Image [Completed]](https://img.wattpad.com/cover/271695691-64-k10709.jpg)