_6_Sunflower also dererves a glance.

1.9K 125 10
                                    

ကျမက တစ်ခါမှ ဒီအမြင့်ကြီးကို မော့မကြည့်ခဲ့ဖူးပါဘူး။ မပျော်ရွှင်ဘူးဆိုတာကို သိပေမယ့် တစ်ခါမှ သိမ်ငယ်သေးမွှားတယ်လို့လည်း မခံစားဖူးခဲ့ပါဘူး။ သူ့ကို မတွေ့ခင်အချိန်ကထိပေါ့။
ဟိုးအမြင့်ကြီးက သူ့ကို ငေးကြည့်ရုံတင် ကျေနပ်ခဲ့တာကနေ.... အခုတော့ ကျမက သူ့ဆီကို ရောက်အောင် သွားချင်နေခဲ့ပါတယ်။ သူရှိနေတဲ့ အဲ့ဒီအမြင့်ကြီးဆီကို ရောက်ဖူးချင်ခဲ့ပါတယ်။ လူတိုင်းအလွယ်တကူ ပျော်ဝင်နိုင်တဲ့ ပျော်ရွှင်မှုဆိုတာကို ထိတွေ့ချင်ခဲ့ပါတယ်။ ဘဝမှာ ဘာမှမလိုချင်ခဲ့တဲ့ကျမက.... သူ့အနားမှာ နေချင်ခဲ့ပါတယ်။

🌻🌻🌻🌻🌻🌻

ထိုနှစ်က ကျောင်းနှစ်ပတ်လည်ပွဲက အတော် အောင်မြင်ကာ နာမည်ရခဲ့ပါသည်။ ကျောင်းဘင်္ခရာအဖွဲ့ခေါင်း​ဆောင်.... ကျိုင်းကိုင်တဲ့မိန်းကလေး.... နံရံကပ်စာစောင်... ဖျော်ဖြေရေး အကအဖွဲ့တွေ.... အဆိုအဖွဲ့တွေ....။

" ကိုနေသာဦးတို့ အဖွဲ့ သီချင်းဆိုတာ မိုက်တယ်နော်.... တကယ် Surprise ပဲ။ သူတို့ကို သီချင်းတက်ဆိုမယ်လို့ လုံးဝထင်မထားခဲ့ဘူး.... "

ကောင်မလေးတွေပါးစပ်ဖျားမှာ နေသာဦးဆိုသည့် နာမည်က အရင်ကထက် ပိုပြီး ရေပန်းစားနေခဲ့ပါသည်။ ကျောင်းနှစ်ပတ်လည်နေ့မှာ သူတို့သုံးယောက် သီချင်တက်ဆိုခဲ့ကြပြီး.... သူကတော့ နည်းနည်းပဲဆိုပြီး ဂစ်တာကိုယ်တိုင်တီးခဲ့တာပဲ ဖြစ်သည်။ သီချင်းတွေကို တစ်ခါမှ နားမထောင်ဖူးခဲ့တဲ့.... နားထဲကိုရောက်လာလဲ တစ်လုံးမှ နားမလည်ခဲ့တဲ့ နေကြာက တစ်ခါတလေမှ ဝင်ဝင်ဆိုတဲ့ နေသာဦးရဲ့အသံနဲ့ သီချင်းလေးတွေကို နားထဲမှာ စွဲထင်လို့ နေခဲ့ပါသည်။

" နေကြာမွန်..... နေကြာမွန်.... "

ပုဝါစုံချထားသည့် ဆရာမလေးက ဟောခန်းနောက်ဆုံးမှာ တိတ်တဆိတ်ထိုင်နေတဲ့ နေကြာ့ကို ရအောင်ရှာပြီး ရောက်လာခဲ့ပါသည်။

" သမီးကို လိုက်ရှာလိုက်ရတာ.... ဒီရောက်နေတယ် "

" ဘာဖြစ်လို့လဲ.... ဆရာမ "

" သမီး Essay ပြိုင်ထားတယ်မလား.... ပထမဆုရတယ်.... အဲ့ဒါ ခုနက ကြော်ငြာဘုတ်မှာ ချိတ်ထားတယ်လေ.... မသိလိုက်ဘူးလား "

Sunflower: always long for only one.Where stories live. Discover now