Part ~ 7

3.8K 684 80
                                    

zawgyi

Taehyungက ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ရင်းမှ တစ်စုံတစ်ရာ အတွေးပေါ်လာသလိုမျိုး Jungkookဘက် လှည့်လာသည် ။

" ဒါနဲ့ မင်းတို့ရဲ့ Vampireစွမ်းရည်တွေက အတိအကျ ဘယ်နှစ်ခုရှိတာလဲ.. "

" မင်း တကယ်သိချင်တာလား.. "

" သိချင်လို့ မေးနေတာလေ.. "

" အတိအကျ ပြောဖို့တော့ခက်တယ်.. "

" မင်းတို့ရဲ့ လျှင်မြန်မှုနဲ့ အကြားအာရုံ ထက်မြက်တာတော့ ငါ သိတယ်.."

" ငါတို့က အမြင့်တွေကိုလည်း ပေါ့ပေါ့ပါးပါး တက်နိုင်တယ်.. မင်း လက်တွေ့မြင်ချင်လား.. "

" တကယ်ပြမို့လား.. "

" အင်း.. မင်း မြင်ချင်တယ် ဆိုရင်ပေါ့.. "

လူသားအလှလေး၏ အာရုံကို ဖမ်းစားလိုက်နိုင်သောကြောင့် Jungkook သဘောတကျ ပြုံးလိုက်ရင်း ကျောင်းဝင်း၏ အနောက်ဘက် သစ်ပင်အမြင့်ကြီးများ ရှိရာဆီကို ဦးဆောင်ခေါ်သွားလိုက်သည် ။

" ငါ.. မင်းကို ထိလို့ရတယ်မလား.. "

Jungkook၏ ခွင့်တောင်းမှုက ဘာအတွက်လဲဆိုသည်ကို Taehyung မတွေးလိုက်နိုင်ခင် သူက Taehyung၏ခါးလေးကို ပွေ့ဖက်လိုက်၍ သစ်ကိုင်းထက်ဆီသို့ ခေါ်ဆောင်သွားလျှင် Taehyung အလန့်တကြားနှင့် သူ့လည်ပင်းအား သိုင်းဖက်မိလိုက်သည် ။

" ရား!!.. ဘာလုပ်တာလဲ!!.. "

" မင်းပဲ မြင်ချင်တယ်ဆို.. အာ.. မင်းက အမြင့်ကြောက်တာလား.. "

မြင့်မားသည့် သစ်ကိုင်းထက် ရပ်နေသည့် သူတို့နှစ်ဦး ။
Jungkook သူ့အားဖက်တွယ်ထားသော လူသားအလှလေး၏ ပြင်းထန်လာသော နှလုံးခုန်သံကြောင့် ထိုအခါမှ သတိပြုမိသွားသလို မေးခွန်းထုတ်မိသည် ။

" အမြင့်ကို ကြောက်တာတော့ မဟုတ်ပေမယ့် အမြင့်ကနေ အောက်ကို ကြည့်ရင်တော့ ကြောက်တယ်.. "

" ဒါဆို.. ငါ့ကိုပဲကြည့်.. "

Jungkookအပြောကြောင့် မျက်လုံးလှလှလေးက ပင့်ကြည့်လာသည် ။
အရင်လို အေးတိအေးစက်မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးလှလှလေးက ခါတိုင်းထက် အသက်ဝင်လှပနေသည် ။

The Royal Academy (Complete)Where stories live. Discover now