Part ~ 14

3.4K 623 50
                                    

zawgyi

လေလေးတချွန်ချွန်ဖြင့် ကျောင်းဝတ်စုံအား သေသပ်အောင် ပြင်ဆင်နေသော Jungkook ။

" ရား!.. Jeon Jungkook.. "

ကြာတော့ သူ့၏လေချွန်သံက အနှောက်အယှက် ဖြစ်လာ၍ထင် ။
Jin၊ Jiminနဲ့ Yoongiတို့ထံမှ ပြိုင်တူအော်သံ ထွက်ပေါ်လာသည် ။

" ကျောင်းမှာလည်း ဆူညံသံတွေကြောင့် နားညည်းရပါတယ်ဆိုမှ အိမ်မှာလည်း မင်းက ဆူညံမှဖြစ်မှာလား.. "

" အင်းပါ.. ငါသွားနှင့်မယ်.. ဟုတ်ပြီလား.. "

အနီရောင်အထုပ်လေးအား ပိုက်နှင့်စုပ်သောက်နေသော Jinက သူ့အပြောကို Jungkookက အပြုံးလေးနှင့်တုန်ပြန့်ရုံတင်မက သူ့လက်မောင်းအား နှစ်သိမ့်သလို ပုတ်ပြီးမှ ထွက်သွားလျှင် နားမလည်သလို ကျန်ခဲ့သည် ။

" သူ ဘာဖြစ်နေတာလဲ.. "

" လူသားအလှလေးရောဂါ တက်နေတာလေ.. "

" ငါတို့.. Jungkookကို ဒီအတိုင်း လွှတ်ထားမလို့လား.. "

" မလွှတ်ထားတော့ရော ဘာတတ်နိုင်လို့လဲ.. "

Jiminရဲ့အပြောကလည်း မှန်နေသည်မို့ Jin ဆက်မပြောတော့ ။

" ငါလည်း သွားတော့မယ်.. "

Yoongiကလည်း သူတို့ကို နှုတ်ဆက်ပြီး အိမ်ထဲမှထွက်ခွာသွားသည် ။

" Yoongiလည်း.. Jungkookလိုမျိုး မနက်အစောကြီး အိမ်ကထွက်ပြီး.. ညနက်မှ ပြန်ရောက်လာတယ် သိလား.. Jimin.. "

" သူ နေရာပြောင်းအိပ်တာနေမှာပေါ့.. "

Jimin သာမန်ကာလျှံကာပြောလိုက်သည်ကို Jinကလည်း အတွန့်မတက်ဘဲ ခေါင်းညိတ်မိလိုက်သည် ။

Yoongiက မတူညီတဲ့ နေရာတွေမှာ အိပ်ချင်တယ်လို့ ပြောဖူးတဲ့သူဆိုတော့ ဟုတ်မှာပေါ့ ။
.
.
.

" Taehyung!.. "

ကျောင်းဝတ်စုံ လဲနေဆဲဖြစ်သည့် Taehyungဆီကို ရောက်ချလာသော Jungkookကြောင့် Taehyung အင်္ကျီကြယ်သီး တပ်နေလျက်နှင့်ပင် အခန်းထဲမှ ထွက်လာခဲ့သည် ။

" ဟီး.. Morning... "

" အင်း.. "

" မင်း မနက်စာ မစားရသေးဘူးမလား.. "

" မင်းကို စောင့်နေတာလေ.. "

" ဒါဆို.. ငါ သွားပြင်လိုက်မယ်.. "

The Royal Academy (Complete)Where stories live. Discover now