ကိုယ်တို့ တစ်ခုလောက်ပြောကြည့်ကြရအောင်...ဆိုကြပါစို့...ကိုယ်တို့်က လူတစ်ယောက်ကို စိတ်နှစ်ပြီးတော့ အများကြီး သဘောကျမိတယ်...ဒါပေမယ့်ကိုယ်တို့ သဘောကျတဲ့သူက နာကျင်နေရတယ်။ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊ဝေဖန်ချက်တွေကို မခံနိုင်ပဲ စိတ်ပိုင်းဆိုင်ရာအရ နာကျင်ခံစားနေရတဲ့သူတစ်ယောက်ကို ကိုယ်တို့က သဘောကျမိပြီး အဲဒီသူကို အမြဲပျော်အောင်ထားဖို့က ကိုယ်တို့ရဲ့ ပဓာနကျတဲ့ရွေးချယ်မှုလို့ပဲ မှတ်ယူထားကြစို့....
တစ်နေ့မှာ ကိုယ်တို့ကလည်း မတူညီတဲ့ ဖိအားဒဏ်မျိုးကြောင့်စိတ်ပင်ပန်းနာကျင်ရတာမျိုး ရှိလာခဲ့မယ်ဆိုရင်ကိုယ်တို့ နှစ်သက်တဲ့သူဆီမှာ ဖွင့်ပြောပြီး နှစ်သိမ့်ခံရတာမျိုးကို ရယူနိုင်ပါ့မလား။ နဂိုကတည်းက နာကျင်ခံစားနေရပြီးသားသူဆီကို ကိုယ်တို့ရဲ့နာကျင်မှုတွေကို ထပ်ပေးပြီးဝေမျှခံစားကြမယ်ဆိုတဲ့ စိတ်ကူးမျိုးကိုတွေးရက်နိုင်ပါ့မလား...
တစ်ချို့ကတော့ေအးအတူ၊ပူအမျှဆိုတဲ့ စကားလုံးရဲ့ အကာအကွယ်နဲ့ လုပ်ချင်လုပ်နိုင်ကြလိမ့်မယ်။ဒါပေမယ့်လေ အများကြီး ပိုသဘာကျတဲ့သူဆိုရင်လေ သူနာကျင်ရအောင်လုပ်တဲ့အရာရာကနေ ကာကွယ်ပေးချင်တဲ့စိတ်ကလေးတစ်ခုကြောင့်ကိုယ့်ကြောင့်ပိုထိခိုက်သွားရင်ဆိုတဲ့ စိတ်နဲ့ ကိုယ်ခံစားနေရရင်တောင်အပြုံးမပျက်နဲ့ ကိုယ်သဘောကျတဲ့သူရှေ့မှာ ဟန်ဆောင်နေပေးကြတယ်...ကိုယ့်ကြောင့်နဲ့ သူထပ်ပြီး ထိခိုက်ခံစားရမှာကို မကြည့်ရက်နိုင်လို့...သူခံစားရတာထက်ကိုယ်တစ်ယောက်တည်း သည်းခံလိုက်ရင်အားလုံးအဆင်ပြေသွားမှာ ဆိုတဲ့ စိတ်မျိုးနဲ့ မျှဝေခံစားဖို့ဆိုတာ မလွယ်ကူဘူး...
ပတ်ကြီးရဲ့ Tomorrow ထဲမှာလေ သူက လမ်းပျောက်ပြီး အမှောင်ထဲမှာရောက်နေသလိုခံစားချက်မျိုးဖြစ်နေတယ်။ တစ်နေ့တစ်နေ့ ဘယ်လိုထပ်လာမလဲ မသိတဲ့ ထိုးနှက်မှုတွေကြောင့်နံနက်ခင်းဆိုတာကြီးရောက်လာမှာတောင်စိုးရိမ်မိနေတယ်။အိပ်ပျက်ညတွေမှာ ကြုံရတဲ့ အဆုံးမရှိတဲ့အတွေးတွေက မွန်းကြပ်စေတဲ့အကြောင်း၊ စိတ်လုံခြုံမှု ကင်းမဲ့နေတဲ့အကြောင်းတွေကိုပြောပြသွားတယ်မလား...သူသိထားသလိုသမျိုး သူကြုံတွေ့နေရတဲ့ ပြဿနာတွေက အဆုံးသတ်ဆီကိုရောက်နိုင်တာမျိုးရော ဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်နေမိတယ်ဆိုတာမျိုး၊ သူကြောက်နေမိတယ်ဆိုတာမျိုးကိုပြောပြသွားတယ်မလား....အဲတာဆို ဒီနားလေးမှာ ခဏမှတ်ထားခဲ့ပြီးဂျောင်ဆူးရဲ့ I'm fine ဆိုတာကို သွားကြမယ်....
YOU ARE READING
💗 Chansoo Ship Is Sailing 💗
Fanfictionသင်္ဘောအမည်>>>ချန်ဆူးသင်္ဘော ကပ္ပတိန်>>>ပတ်ချန်းယောလ် မာလိန်မှူး>>>ပျော်ရွှင်မှုလေး သင်္ဘောသားများ>>> chansooists
