အချစ်​ဆုံး သူငယ်​ချင်း

132 18 0
                                        

မျက်လုံးကို ဟို၊သည်ေ​ရွ့ ကာ အကြည့်​ကစား​နေရင်းမှ​လေပူတစ်​ချက်​ကို ခပ်​လေး​လေးမှုတ်​ထုတ်​လိုက်​တော့​ဖောင်း​နေရာမှ တဖြည်းဖြည်းချင်း​လေ​လျော့သွားရှာ​သော ပါး​ဖောင်း​ဖောင်း​လေး....

ထို့​နောက်​ညာဘက်​လက်​ဖဝါးပြင်​နှင့်​ဆံနွယ်​ကြားထဲ တဖြည်းဖြည်း​ထိုးလှန်​လိုက်​ရင်း သက်​ပြင်းခပ်​လေး​လေးချလာ​သောသူ....

ကျ​နော့်​ကမ်းလှမ်းချက်​ကို ငြင်းဆန်​မည့်​စကားက ထိုသက်​ပြင်းနှင့်​အတူ သူ့နှုတ်​ခမ်းဖျားအထိ တက်​လာသည်​ကို ခံစားမိ​တော့ သူ့မျက်​နှာ​လေးကို​ငေးစိုက်​ကြည့်​နေရာမှ ကျ​နော်​အမြန်​အကြည့်​လွှဲလိုက်​မိသည်​။

"​ဂျောင်​ဆူးရာ...ငါတို့ အတူတူ မ​သောက်​ဖြစ်​တာ ကြာပြီပဲဟာ...သူငယ်​ချင်းက​ခေါ်တာကို ငြင်းရင်​မင်း ငရဲကြီးလိမ့်​မယ်​"

နှုတ်​ခမ်းကို တစ်​တောင်​လောက်​ရှေ့သို့​ထော်​ပြလိုက်​ရင်း​မြေပြင်​ကို​ခြေ​ထောက်​နှင့်​လျှပ်​တိုက်​ကန်​လိုက်​မိ​တော့ ပြုံး​ယောင်​သမ်းသွား​သော သူ့နှုတ်​ခမ်း​ပါး​လေး...

ပတ်​ဝန်းကျင်​ကို​မေ့သွား​စေ​လောက်​သည်​အထိ ဆွဲ​ဆောင်​ထားနိုင်​သည့်​သူ့နှုတ်​ခမ်းပါးစိုစိုရဲရဲ​လေးက အမြဲတမ်း အငြင်းစကားထွက်​နေသည်​ကို​တော့ ကျ​နော်​မနှစ်​မြို့မိ...

တကယ်​ဆို ချစ်​စကားချိုချို​လေး​တွေသာ ထိုနှုတ်​ဖျားက မိန့်ကြားလာမည်​ဆိုပါလျှင်​ကျ​နော့်​အတွက်​က​တော့ တစ်​ကမ္ဘာလုံးနှင့်​စစ်​တိုက်​ယူရမည်​ဆိုလျှင်​တောင်​အမှုထားမိမည်​မထင်​ပေ....

"ငါက ကိုးနာရီ​ကျော်​မှ အားမှာ ချန်း​ယောလ်​..."

"ဟင်​..."

"ငါ ငရဲကြီး မခံနိုင်​ဘူး​လေ..."

ရွဲ့တဲ့တဲ့​လေးဆိုကာ​ကျောခိုင်းထွက်​သွား​သော ကျ​နော့်​သူငယ်​ချင်း​လေးက​နောက်​တွင်​ကမ္ဘာပျက်​ကျန်​ခဲ့​သော ကျ​နော့်​ကို လှည့်​ပင်​မကြည့်​။

ေ​ဂျာင်ဆူး မမြင်နိုင်မှန်းသိ​နေသည့်​တိုင်​အရူးတစ်​ယောက်​လို​နောက်​ကျောပြင်​ကို​ငေးကြည့်​ရင်း တာ့တာ၊ ဘိုင့်​ဘိုင်​လုပ်​ပြမိ​သေးသည်​။

💗 Chansoo Ship Is Sailing 💗Where stories live. Discover now