Part - 2 ( End ) ( Unicode )

468 50 11
                                    

အချိန်ကာလတွေပြောင်းလဲလာသော်လည်း မပြောင်းလဲလာ‌တာကတော့ သူငယ်ချင်း 6 ယောက်ပင် ။ ဘယ်သွားသွား အမြဲတပူးပူး တတွဲတွဲ ။

အတွဲတွေဆိုတော့ ပိုဆိုးတာလည်း ပါတာပေါ့လေ ။ အတွဲ‌နှစ်တွဲကြောင့်ပင် အတွဲမဟုတ်သော ဂျေး နှင့် ဂျောင်၀န်းကပင် ပို၍ တွဲဖြစ်သည် ။

စာလုပ်တော့လည်း ဂျောင်၀န်းက အတွဲတွေကြား မနေချင်ဟုဆိုကာ‌ ဂျေးနှင့်ပဲ အမြဲစာလုပ်သည်

စားစရာရှိလည်း ဂျေးနှင့်ပင်
သွားစရာရှိလည်း ဂျေးနှင့်ပင်
ဘာမဆို အမြဲ ဂျေးနှင့်ပင် ။

ဂျေးကတော့ သနားပါတယ် ကလေးထိန်းနေရတာပဲ , သူ့တစ်နေ့တာက ဂျေးမပါလျှင် မပြီးဘူး ဟု သူငယ်ချင်းတွေကတောင် စနောက်ကြရသည်အထိ ။

ဘာမှတော့ ပြန်မပြောမိပါ။ အမှန်လည်း အဲ့လိုပဲလေ ။ ဂျေးမပါလျှင် ဂျောင်၀န်းတစ်ယောက် ဘာမှမလုပ်တတ်တော့အထိကို ဖြစ်သွားသည်မိသည်အထိ ။

ဂျောင်၀န်းလည်း ဂျေးကို တကယ် သံယောဇဉ်ရှိ ပါသည် ။ သူ့အနွံတာ ဆိုးသမျှ ကောင်းသမျှကို သည်းခံပေးသောကြောင့် ၊ တစ်ခါတစ်ခါကျပြန်တော့လည်း သူ ဂျေးကို တကယ်ပင် သနားမိသည် ၊ အမြဲသူ့အလိုပဲ လိုက်ပေးနေရတာမို့ ၊

ထိုအခါများတွင်တော့ ငါတို့ ဂျေးက ချစ်ဖို့အကောင်းဆုံးပဲဟုဆိုကာ ဂျေးအိမ်သို့ ပိတ်ရက်များတွင် ညလာအိပ်ပြီး မလုပ်တတ် လုပ်တတ်ဖြင့် လုပ်ထားသော မုန့်တို့ကို လုပ်ကျွေးလေသည်

တကယ်ပါ ဂျေးနှင့်အတူရှိ နေရသည်မှာ
ဂျောင်၀န်းအတွက်တော့ တကယ့်ဆုလာဘ်ပါပဲ ဘာလုပ်လုပ် အပြစ်မမြင်ဘဲ ဘေးကနေတောင် အမြဲ support ပေးနေတာမျိုး

သူငယ်ချင်းများကြားတွင် တစ်ချက် တစ်ချက် ထထအရွှန်းဖောက်လျှင်လည်း မျက်လုံး လေး ကလယ်"နှင့်ကြည့်ကာ အမြဲလက်ခုပ်တီးပြီး ရယ်ပေးရုံသာမက သူကပါ အရွှန်း၀င်ဖောက်ပေးတာမျိုး

သူငယ်ချင်းများက မင်းတို့နှစ်ယောက် တွဲသာတွဲလိုက်ကြပါတော့ဟု ပြောလိုက်သောအခါတွင်လည်း မျက်လုံးကြီးပြူးပြီး နားရွက်ကြီးတွေ နီလာသော ဂျေးကိုကြည့်ပြီး ဗိုက်နှိပ်ရယ်ရသည်မှာလည်း ခဏ ခဏ ။

𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐎𝐟 𝐔𝐬                                       ( Completed ) Where stories live. Discover now