Part - 1 ( Zawgyi )

110 6 0
                                    

ဂျောင်းဝန်းတစ်ယောက် ကျောင်းထဲ ၀င်လာတာနဲ့ တစ်ပြိုင်နက် ရှိသမျှသော ကျောင်းသား ကျောင်းသူများက ဂျောင်းဝန်းကို ကွက်ကြည့် ကွက်ကြည့်နှင့်။

' ဘာဖြစ်လို့ လာကြည့်နေကြတာပါလိမ့် ? ဂျေးတစ်ခုခုများ ဖြစ်လို့လား ? မဖြစ်နိုင်ပါဘူး သူတစ်ခုခု ဖြစ်ရင် ငါ့ဆီ ph ဆက်မှာပေါ့ ဒီနေ့မနက်တောင် morning text ပို့နေကြတဲ့ဟာကို '

ဂျောင်းဝန်းတစ်ယောက် အတွေးပေါင်းစုံနဲ့ လမ်းဆက်လျှောက်လာရင်း

" ဟင် အရှေ့မှာ လူတွေ ဘာကို ဝိုင်းအုံကြည့်နေကြတာလဲ မသိဘူး သွားကြည့်ဦးမှ" ဟု တွေးရင်း

"နည်းနည်းလောက် လမ်းဖယ်ပေးပါ ခင်ဗျ"

ပြောလည်းပြော သူ့ ခန္ဓာကိုယ် ပိစိလေးနှင့်လည်း အတင်းတိုးဝင်လိုက်ပြီး မြင်လိုက်ရတာက နံရံတွင် ကပ်ထားသော ဓာတ်ပုံ ၁၀ ပုံခန့်
ပုံထဲတွင် ကောင်လေးတစ်ယောက် နှင့် ကောင်မလေးတစ်ယောက် တို့ ဖက်ထားသော ပုံများ ကောင်မလေးက ကောင်လေးရဲ့ ရင်ခွင်ထဲ မျက်နှာအပ်ထားသော ပုံများ

"ဒါ ဒါ ဘယ်လိုဖြစ်ရတာလဲ မောင် က ဘယ်လိုလုပ် ...."

ဂျောင်းဝန်း၏ စကားသံတို့က ထိန်းထားသည့် ကြားကပင် ပါးစပ်က ထွက်လာသည်

ဂျောင်းဝန်းမှာ emotional ဖြစ်လွယ်တာ ကြောင့်ပါးပြင်ပေါ် မျက်ရည်များ တစ်ပေါက်ပြီး တစ်ပေါက် ဆင်းသက်လာသည် မျက်ဝန်း အိမ်ထဲတွင်လည်း မျက်ရည်သီးလေးများ အလုအယက် ခိုတွဲလျက်

ဘေးနားက ကောင်မလေး တစ်ယောက်က

"ဟဲ့ ဂျောင်းဝန်း ! နင်တို့က ပြတ်သွားကြပြီလား?"

" နင် စကားကို ကြည့်ပြော မောင် နဲ့ ငါနဲ့က ဘယ်တော့မှ မပြတ်ဘူး "

" Sry ပါ ဂျောင်းဝန်းရယ် ငါ အဲ့လိုမဆိုလိုပါဘူးဟယ်"

"အေး ရတယ် Sry ငါလည်း အရမ်း စိတ်လောသွားလို့ "

ဂျောင်းဝန်း တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် စာသင်ခန်းခန်းဘက်ကို ခြေဦးလှည့်လိုက်ရင်း
ဂျေးကိုလည်း ph ခေါ်လိုက်သည်
Ringtone ၀င်ဝင်ခြင်းပင် ဂျေးဘက်က တန်းကိုင်လိုက်သည် ဂျေးဘက်က စကားကို နားထောင်မနေတော့ဘဲ ကိုယ့်ဘက်ကပဲ စပြောလိုက်သည်

𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐎𝐟 𝐔𝐬                                       ( Completed ) Where stories live. Discover now