"အိပ်နေတာတော်တော်ကြာပြီနော်
စကားပြောချင်လို့လာလာစောင့်နေတာ
Jen ကိုနည်းနည်းလေးမှအားမနာဘူးလား
sunbae nim"ပါးလေးတွေမို့တက်လာသည်ထိ
ပြုံးပြီးခါးကိုကိုင်းကာ
ထီးခရမ်းရောင်လေးကိုကျောက်တိုင်လေးပေါ်
ဖွင့်လျက်တင်ပေးရင်းကသူမပြောလိုက်သည်မိုးဖွဲဖွဲလေးကျနေတာကြောင့်သင်္ချိုင်းထဲလူရှင်း
နေသည်မျက်နှာချင်းဆိုင်ကျောက်တိုင်လေးပေါ်မှ
ဓာတ်ပုံလေးထဲ
sunbae ရဲ့ပြုံးနေတဲ့မျက်နှာလေးကို
ကြည့်ကာထိုရှေ့မှာသူမထိုင်ချလိုက်ချ
လိုက်ပြီး
လက်ထဲကအိတ်ကိုရှေ့ချကာအထဲကနေ
စက္ကူခွက်နှစ်ခွက်နှင့်ဆိုဂျူးပုလင်းကိုထုတ်
လိုက်သည်"မိုးအေးနေတော့အတူသောက်ချင်လာလို့
Jen နွေးနွေးထွေးထွေးဝတ်လာတယ်နော်
ထီးလဲပါလာတယ်
ဆူဖို့မကြိုးစားနဲ့..."ခေါက်ထီးအနက်ရောင်လေးကိုဘေးမှာ
ချထားပြီး
ကုတ်အင်္ကျီအနက်ရောင်အနားစတွေ
ဟာတော့
ရွံ့ရေတွေကြောင့်ညစ်ပတ်နေပေပြီ"sunbae ကသတ္တိရှိလိုက်တာ မိုးခြိမ်း
သံကိုလဲမကြောက်ဘူး
လျှပ်စီးလက်တာကိုလဲမကြောက်ဘူး
ပြီးတော့အအေးဒဏ်ကိုလဲအပြုံးမပျက်
ခံနိုင်သေးတယ်"ဓာတ်ပုံလေးထဲပြုံးနေတဲ့သူမမျက်နှာကို
လက်ချောင်းလေးတွေနှင့်ပွတ်နေရင်းက
ပြောနေမိသည်"မနာလိုလိုက်တာ....အရမ်းပဲ"
ဆိုဂျူးတစ်ခွက်ကိုမော့သောက်ကာ
အမြဲပြုံးနေတဲ့သူမကိုမျက်စောင်းထိုးလိုက်သည်"ကိုယ့်ကိုငွေညှစ်တဲ့လူရှေ့လာပြီး
အခုလိုစကားပြောနေရတာအဆင်မပြေ
လိုက်တာ
ကျမကိုနည်းနည်းတော့အားနာသင့်တယ်မလား
ရှင့်နေရာကကျမအတွက်အဆင်ပြေမနေဘူးရှင့်
ထိုင်စရာဆိုဖာလဲမရှိဘူး ကိုယ့်ဘာသာ
မြေကြီးပေါ်မှာဖြစ်သလိုထိုင်ရတယ်
ရှင်သောက်ဖို့အရက်တောင်ကျမကဝယ်လာ
ရသေးတယ် ယဉ်ကျေးမှုမရှိတဲ့လူ
ဘာလို့ပြုံးနေတာလဲ ကျမရှင့်ကိုရန်တွေ့နေတာ
နော်""ဂွက်.."
စက္ကူခွက်ဖြင့်ကျောက်တိုင်လေးကိုပစ်ပေါက်ကာ
ထိုင်နေရာမှထလိုက်သည်