4....💜

1.5K 148 13
                                    

" A Promise For Love " (Part-4.....💙)

* * ကျွန်တော် မြင်လိုက်တယ်.. ကျွန်တော့်နှလုံးသားကို 11 နှစ်ထိတိုင် ပိုင်စိုးထားသောသူ.. ကျွန်တော်စောင့်ဆိုင်းနေသော.. ကျွန်တော်ရဲ့တဦးတည်း သော သူလေဗျာ * * မမှတ်မိပဲနေမလား......?

ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်.. ငါဘာလို့ ဒီ Meeting အရေးကိစ္စ ကို အရေးတဂျီး အာရုံစိုက်ကြည့်နေရတာလဲလို့...ကျွန်တော်သာ ဒါ ကို မကြည့်ပဲ နေရင် ကျွန်တော့်ရဲ့ ချစ်ရသူမျက်နှာလေး ကို မြင်တာနဲ့ ကျွန်တော် ဆွဲ ယူပြီး ဖတ်ထားလို့တောင် ရမယ်မလား ..ခုတော့... ခုတော့ ...ဘယ်ရောက်သွားလဲ... ဘယ်ရောက်သွားတာလဲ...

.အမှတ်တမဲ့ ဆိုပေမဲ့ သေချာတယ် ဒါ Jimin hyung...သူ့မျက်လုံးလေးတွေ ကျွန်တော် မြင်လိုက်တယ် ငယ်ငယ်ကအရမ်း ချစ်ခဲ့ရတဲ့ အကြည့်တွေပဲ... မပြောင်းလဲ ဘူး ...ဒါပေမဲ့...

ကျွန်တော် ထပ်လက်လွှတ်ရပြန်ပြီ... ခု ဘယ်လောက်ရှာရှာ မတွေ့တော့ ပြန်ဘူးဗျာ...ကိုယ့်ခေါင်းကိုယ်သာ အကြိမ်ကြိမ် ထုနှက် မိပြီး... hyung ကို ထပ်တွေ့ချင်တဲ့ ဆန္ဒ တို့က ပိုပိုတိုးလာခဲ့တယ်....အလုပ်ပေါ်လဲ အာရုံမစိုက်နိုင်ဘူးဗျာ... Jin hyung ကဒီလကုန်ထိ ဆင်းပေးမယ် ပြောတော့ Hyung နဲ့ ပဲ အလုပ်ကိစ္စ တွေ လွှဲထားလိုက်တယ်... ကျွန်တော် ကတော့ အလုပ်ထက် ပိုအာရုံ စိုက်ရမဲ့ အရာလေး ရှိနေခဲ့ပြီလေ..........

ရုံးက ဝန်ထမ်းစာရင်း ယူစစ်တော့လဲ Hyung နမည်မပါ... ကိစ္စ တခုခု ရှိလို့များ..company ရောက်လာတာများလား...

ကျွန်တော့် company ဆိုတာသိလို့များ..ကျွန်တော့်ကို လာရှာ တာများလား...လာရှာတယ် လာတွေ့တယ်ဆိုရင်တော့ ကျွန်တော့်ဆီ ရောက်လာရမှာပဲလေ..

..ပြီးတော့ အဲလူ....အဲနေ့ ဓာတ်လှေကားရှေ့မှာ hyung ပြုံးပြီး ကြည့်နေတဲ့ သူ... သူက ဘယ်သူလဲ... hyung ဘာလို့အဲလူရှေ့မှာ ပြုံးပျော်နေရတာလဲ.. ဟာကွာ....... hyung.. ရယ် ထပ်ပေါ်လာပေးပါတော့. ...ပြန်လာပေးပါတော့... ကျွန်တော် ရူးတော့မယ်.... တနေ့တနေ့ ဒီအကြောင်းတွေပဲ စဥ်းစားရင်း... တပတ်တောင် ကုန်လာခဲ့​​​ပြန်​တယ်......hyung ကိုတော့ အရိပ်လေးတောင် ထပ်မတွေ့ရသေး....

"A Promise For Love🤙"[Completed]Where stories live. Discover now