ကိုကို က လူလိမ်

2.4K 277 23
                                    


ကိုကိုက လမ်းမှာ ကြောက်နေခဲ့တာကို ရိပေါ်က ကိုကို စနောက်နေတယ်ထင်ခဲ့တာ။ ကိုကို့ကို တကယ် အဲ့လိုမျိုးလောက်အထိ မလုပ်ကြဘူးလို့ ထင်နေခဲ့တာ...။ ရိပေါ်မှားပါတယ် ကိုကိုရယ်။ ပြေးလာတဲ့လမ်းမှာ ဘာကိုမှ ရိပေါ်မမြင်နိုင်ခဲ့။ ဧည့်ခန်းဆောင်ကနေ အတွင်းခန်းရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ရိပေါ်ခန့်မှန်းထားသလို ဟုတ်မနေခဲ့ပါဘူး....။

" ကို... ကိုကို...??"

ရိပေါ်အခုမြင်နေရတဲ့ မြင်ကွင်းက ဘာတုန်း။ ချည်သားဘောင်းဘီရှည်ကို ဒူးအထက်ထိ မ တင်ထားပြီး ခြေသလုံးတွေကို ကြိမ်လုံးနဲ့အရိုက်ခံနေရတာ လေးစားရတဲ့ ရှောင်းသခင်ကြီးပါတဲ့လား....။

"ဘွားဘွား.... အား သားအမှားချည့်ပဲမဟုတ်ဘူးလေ...  ဦးရီးက အသည်းဦးကို အရင် ထိပါးတာပါဆို အရီးတော်ကလဲ မကြိုက်လို့ သားက နှင်လိုက်... အ...နာတယ်လေ မရိုက်နဲ့တော့ ဘွားဘွားလို့ ဟင်.....ရိ.... ရိပေါ်"

ကြည်လဲ့နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ရိပေါ်က တအံ့တသြ သူနဲ့ဘွားဘွားကြီးကို ကြည့်နေတယ်။ ဘွားဘွားကြီးကလဲ ကြိမ်လုံးမြှောက်ရက်သားနဲ့ ကြောင်အလို့..။ ခုနက ရှောင်းကျန့်ရဲ့ဘွားဘွားကြီး စမရိုက်ခင်အမူပိုပိုအော်သံကြောင့် လန့်သွားပုံရတဲ့ ရှောင်းကျန့်ရဲ့ အသည်းဦးကလေးဟာ အလန့်တကြား ပြေးဝင်လာခဲ့တာ ဖြစ်မှာ...။

"ဒါ... ဒါတွေက ဘာတွေလဲ ဟင်..ကိုကိုပြောတော့ မြို့တော်မှာ တင်းကြပ်တဲ့အဆုံးအမ ခံရမှာဆို... တင်းကြပ်တဲ့ အဆုံးအမဆိုတာ ဒါလားကိုကို...ရိပေါ်ကို တစ်လမ်းလုံးရတက်မအေးဖြစ်အောင် ပူပန်ကြောင့်ကြစေခဲ့တာက ဒါလားလို့...".

"ရိပေါ်... အသည်းဦး.. ကိုကိုပြောပြမယ်...ခဏလေးထိုင်ပါဦးကွယ်.."

မမြင်ဖူးတဲ့အသည်းဦးရဲ့ တင်းမာနေတဲ့ပုံစံကြောင့် ရှောင်းကျန့် ရပ်နေရာကနေ ထွက်လာပြီး လက်ကမ်းဖို့ပြင်ပေမယ့် ရိပေါ်က...ရှောင်းကျန့်ရဲ့ အသည်းဦးက ရှောင်းကျန့်လက်ကို ရုန်းပါတယ်။

"ရှောင်းကျန့်..  လာထိုင်.... ဝမ်ရိပေါ်လည်း လာထိုင်... ဘွားဘွားကြီးပြောမယ်"

Sincerely yoursWhere stories live. Discover now