Sincerely yours

3.6K 285 26
                                    


"ကိုကို့ ... ရိပေါ်တို့ လျှောက်လည်ရအောင်လေ... ရိပေါ်တို့မြို့မှာ ကိုကိုနဲ့တူတူတစ်ခါတောင်မလည်ဖူးဘူး..."

တကယ်တော့ ရှောင်းအိမ်က အလုပ်တွေအများကြီးရှုပ်တာမို့ ရှောင်းကျန့်က ပြန်ချင်နေပြီဖြစ်တယ်..။ ဒါပေမယ့်လည်း သူ့အသည်းဦးကလေးက မိဘအိမ်ပြန်ရောက်ပြီးမှ ပိုပိုချစ်စဖွယ်ချွဲနွဲ့တတ်လာတာမို့ ရှောင်းကျန့်က မလွန်ဆန်နိုင်..။

"အသည်းဦးက ဘယ်ကိုလည်ချင်တာလဲ.. "

"ကြာကန်.. ကြာကန်..ရိပေါ်တို့ ပေါင်းမိုးလှေကလေးစီးပြီး ပျော်ပွဲစားထွက်ကြမယ်လေနော်... ကိုကို့.. ဇီးသီးခြောက်တွေလဲသယ်မယ်.. ပန်းလက်ဖက်ရည်ကြမ်းလဲသယ်မယ်... မုန့်ချိုလေးတွေလဲသယ်မယ်.. ကြက်ကြော်လဲသယ်မယ်လေ... ရိပေါ်တို့ ပျော်ပွဲစားထွက်ရအောင်...နော်... ကိုကို့.."

"အသည်းဦးသဘောပေါ့ကွယ်..."

ကိုကို အလုပ်မအားမှန်းကို ရိပေါ်လဲသိတယ်။ ဒါပေမယ့် ခုချိန်မှမလည်ရင် ကိုကို့အလုပ်မအားပုံနဲ့ရိပေါ်တို့ ပြန်လာဖြစ်ပါဦးမလား။ ရိပေါ်က မသိချင်ယောင်ဆောင်လို့တစ်ကိုယ်ကောင်းဆန်လိုက်တယ်။တကယ်ကိုပဲ ရိပေါ်က ကိုကို့ရဲ့ကြောင်ဖြူဆိုးကလေးဖြစ်ပါတယ်။

______________________________________

ဇာတိမြို့ကလေးရဲ့ ကြာကန်ဟာ ကြာကန်ဆိုပေမယ့် အတော်လေး ကြီးပြီးကျယ်တာမို့ လှေကလေးစီးလို့ ကန်နံဘေးရှုခင်းတွေ ခံစားလို့ရတဲ့နေရာကောင်းကလေးဖြစ်ပါတယ်။ ရိပေါ်က လှေကလေးကို ကိုကို လှော်နေတာကို ပေါင်းမိုးကလေးထဲက ထိုင်လို့ကြည့်တယ်။ လက်သီးဆုပ်ကလေးတင်းတင်းဆုပ်လို့ ကိုကို့ကို ကြိုးစားဖို့ အားပေးလိုက်ပါသေး...။ အရိပ်တော်တော်လေးကောင်းတဲ့ ကန်စပ်နံဘေးက မိုးမခပင်ရဲ့ သစ်ခက်တွေဟာ ကန်ရဲ့သုံးပုံတစ်ပုံထိ နွယ်ကျလို့နေတာကို ရိပေါ်က သဘောတကျငေးတော့ အလိုက်သိတဲ့ ကိုကိုကပဲ လှေကို မိုးမခံရုံကလေးအတွင်းထိဝင်အောင် လှော်ခတ်လို့ပေးတယ်။ အခုဆို ရိပေါ်တို့ လှေကလေးဟာ မိုးမခရုံလေးရဲ့အကာအကွယ်ကြောင့်အပြင်က မမြင်နိုင်တော့.. ။ ကိုကိုက လှော်တက်ကို ချလို့ ရိပေါ်ရှိရာပေါင်းမိုးထဲကို ကူးလာတယ်။ ရိပေါ်နောက်မှာထိုင်လို့ ရိပေါ်ကို ရင််ခွင်ထဲ သိမ်းလို့ ဖက်တယ်။

Sincerely yoursWhere stories live. Discover now