Part -1💔(uni)

11.1K 568 33
                                    

"ထွက်သွားတော့.....! "

"ဗျာ......."

"ငါ့ကောင်မလေးက မင်း‌ငါ့ဘေးနားမှာ ရှိနေတာကို မကြိုက်ဘူးတဲ့"

စီးကရက်ကိုလက်ကြားညှပ်ကာ အမှုမှတ်အမှတ်သလို ကောင်းစံပြောလိုက်သည်။

မောင်ရယ် ပြတ်သားလိုက်တာ.....ကောင်မလေးကမကြိုက်လို့ ထွက်သွားတော့တဲ့လား....? မောင်နဲ့ ငါ့ရဲ့ ၁၅နှစ်တာ သူငယ်ချင်းသံယောဇဉ်ကိုတောင် မထောက်တော့ဘူးလား....?
ငါပြောချင်လိုက်တာ ဒါ‌ ပေမယ့်လေ သစ္စာရှိတဲ့ ဒီပါးစပ်က တစ်လုံးမှထွက်မလာသလို နှလုံးသားကို ဦးနှောက်ကမလွန်ဆန်နိုင်ဘူးထင်ပါရဲ့......

မောင်ကတော့  လက်ကြားထဲမှာ စီးကရက်လေးညှပ်လို့ အေး‌အေးဆေးဆေးပြောလိုက်ပေမယ့် ငါ့ရဲ့ရင်ဘတ်ထဲ မီးတောက်နေပြီ.....။

"မောင်သေချာပြီလား...?"

ငါ အံကိုကြိတ်ကာ မရဲတရဲမေးမိတော့......

"ကျစ်.....ငါ့ကိုမင်းဘယ်ချိန်ထိမောင်လို့ ခေါ်နေအုံးမှာလဲ.? စိတ်ရှုပ်လိုက်တာ ၊ ငါကမင်းလို gayမဟုတ်ဘူးကွ နောက်တစ်ခါ မင်းပါးစပ်ကနေ အဲ့စကားထွက်မလာစေနဲ့ !! "

လက်ထဲက ဆေးလိပ်ကို မြေကြီးပေါ်ပစ်ချရင်း  လက်ညိုးငေါက်ငေါက်ထိုး  ပြောကာ ကျောခိုင်းလို့ ထွက်ခွာသွားတဲ့ မောင်ပါလေ......ငါက ဘာများတတ်နိုင်မှာပါတဲ့လဲ....?
မောင်မရှိတဲ့အရပ်ကိုသိပ်ကြောက်တဲ့ငါကလေ ခုမောင်မရှိတဲ့အရပ်မှာ နေရပါတော့မယ်လို့ ကံတရားကသတ်မှတ်ချက် ချလိုက်ပြီထင်ပါရဲ့.......!!!!

ငါ့ကမ္ဘာဟာ အဲ့အချိန်မှာ စတင်ပျက်စီးတာပဲ ။

ရုပ်ရှင်တွေထဲမှာ ဒီလိုချိန်မိုးရွာချရမည်မဟုတ်လား...?
ခုတော့ ရင်ထဲကပူသလို အပြင်မှာလည်း ပူကျစ်လို့ ရှေ့ကရေပြင်ကြည့်၍လည်း မအေးဆေးနိုင် ငါအမြန်ပဲ
အဲ့နေရာက ထွက်လာခဲ့လိုက်တယ် ....

အပြင်မှာ ဘာ‌တွေဖြစ်နေလဲငါမသိတော့ဘူး ၊ ဘယ်သူတွေက ငါ့ကိုကြည့်နေလဲ ငါဂရုမစိုက်တော့ဘူး ၊ ငါ့မျက်ရည်တွေ ငါလျစ်လျူရှုကာ ငါဆက်သွားမိနေမြဲ....။

ဘယ်ကိုဦးတည်သွားနေလဲလည်း ငါမသိသလို ....ငါဘယ်ရောက်နေလဲလည်းငါမသိဘူး .....၊ ငါသိတာက မောင်က သိပ်ရက်စက်လိုက်တာ.!!!!

"မောင့်ကိုမုန်းပစ်ချင်လိုက်တာ "(Complete)-uni&zawgyiWhere stories live. Discover now