Part-2(zawgyi)

2.4K 103 18
                                    

"ကို့ ချူးကိုချစ်လားဟင်..."

ချူး...ကောင်းစံပေါင်ပေါ်  ထိုင်ကာ လက်တစ်ဖက်က ရင်ဘတ်ကို ပွတ်သတ်နေပီး ကျန်လက်တစ်ဖက်က လည်ပင်းကိုဖတ်ထားလိုက်သည်...။

"‌ကို့ ...ချူးမေးတာရောကြားရဲ့လား"

"ကြားတာပေါ့ ချူးကလည်း ကိုက ချစ်စရာကောင်းတဲ့ချူးကိုကြည့်လို့မဝလို့ပါဗျာ..."

ချူး မျက်စောင်းလေးထိုးလိုက်ပီး

"ကို့ ...မိုးနေကိုဘယ်လိုလုပ်မှာလဲ...?"

ကောင်းစံ တချက်တွေဝေသွားကာ..

"ကို သူ့ကိုအားနာတယ် ချူး....သူကို့ကို ကူညီခဲ့ဖူးတာတွေအများကြီးပဲ သူအခု အိမ်များပြန်ရောက်နေပြီလားမသိဘူး..."

"အို....ဘာလဲ ကိုက စိတ်ပူနေတာလား...?"

"ချူးကလည်း သူနဲ့ကိုက သူငယ်ချင်းဖစ်တာ ၁၅နှစ်လောက်ကြာနေပီလေ နဲနဲတော့စိတ်ပူတာပေါ့ ..ပီးတော့  ကိုသူ့ကိုပြောတာလွန်သွားတယ်ထင်တယ်..."

"ဘာလွန်စရာရှိလဲ gayမို့လို့ ရွံတယ်ပြောတာ ဘာနာစရာရှိလဲ ..?"

ကောင်းစံ ချူးသစ္စာကို ကိုယ့်ပေါ်မှ တွန်းချလိုက်ကာ

"ချူးသစ္စာ....! မင်းလွန်မလာနဲ့ မင်းစကားတွေက အောက်တန်းကျလွန်းတယ်ကွ..!!!"

ချူးသစ္စာ လဲနေရာမှ အမြန်ထ လိုက်ပီး

"ဟက်....!အောက်တန်းကျတယ်ဟုလား...?အက်စကားတွေ နင့်ပါးစပ်က အရင်ထွက်ခဲ့တာလေ ... နင်က ခုမှ ဟိုကောင်ဘက်က ဘာတွေ လာနာနေတာလဲ အက်တာတွေ နင်ကိုယ်တိုင်လုပ်တာမဟုတ်ဘူးလား.....?   ကောင်းစံ..!!!!"

"ချူးသစ္စာ  ...!မင်းငါ့ကိုမအော်နဲ့..."

"အော် ...နင်က သိပ်ရိုသေစရာကောင်းနေတာဆိုတော့ ...ငါက လက်အုပ်ချီပီးထိုင်ကန်တော့နေရမှာလား...?၊ပီးရင် ငါ့ကိုအရင် တွန်းချတာ ဘယ်သူလဲ...ဟမ်...ကောင်းစံ...!"

"မင်း.....မင်းကွာ......!!"

ကောင်းစံ လက်ညိုးထိုးပီး ပြောကာ အိမ်ထဲမှ အမြန်ထွက်ခဲ့လိုက်သည်။

'တောက်.....ငါဘာတွေဖြစ်နေတာလဲကွာ...ခေါင်းတွေကိုရှုပ်နေတာပဲ ....မိုးနေ မင်းကရော ဘာလို့ငါ့ကိုလာကြိုက်နေတာလဲ....sh*t! ငါဘာလို့ တစ်ခုခုဆုံးရှုံးသလိုခံစားနေရတာလဲ...? မိုးနေ ....မင်းအိမ်ကောပြန်ရောက်ပြီမလား...? ပြန်ရောက်လောက်ပါပီ...ဟုတ်မလား?'
ကောင်းစံ ကိုယ့်ဘာသာမေးခွန်းတွေထုတ်ကာ မိုးနေနဲ့ အတူနေခဲ့ရာ လုံးချင်းအိမ်ဆီသို့ အပြေးလာခဲ့တော့သည်။ ခေါင်းထဲတွင်ရှုပ်လွန်းလို့ ကားငှားပီးသွားရမည်လည်းမသိတော့...! အပြေးသာ လာခဲ့တော့သည်။

"မောင့်ကိုမုန်းပစ်ချင်လိုက်တာ "(Complete)-uni&zawgyiWhere stories live. Discover now