5.

1.5K 135 1
                                    


Adin Min Thu's POV:

အောင်မြင်ကျော်ကြားသော Architectတယောက်ဖြစ်ချင်သောကြောင့် ဆယ်တန်းအောင်ပြီးပြီးချင်းစင်ကာပူ၌ engineering college သွားတက်ရန် စဥ်းစားထားပြီးပြီဖြစ်သော်လည်း ''မေမေ့ကိုတယောက်ထဲ ထားခဲ့မလို့လား''ဟုပြောကာ မျက်နှာမကောင်းသောမေမေကြောင့် ဧဒင်လက်လျှော့လိုက်ရတော့သည် ။
မတတ်နိုင် အမေတခု သားတခုဘဝမှာ မေမေ့ကိုသူလဲမထားခဲ့နိုင်ပါဘူး ။ သားအမိနှစ်ယောက်လုံးကျောင်းတက်မယ့်ဆီသွားနေဖို့စဥ်းစားမိပေမဲ့ မေမေက မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ရွှေဆိုင်ဖွင့်ထားတာမို့ ပိတ်ဖို့အဆင်မပြေပေ ။
ထို့ကြောင့်လုပ်ချင်ရာလုပ်မည်ဟု ဆုံးဖြတ်ထားသော်လည်း အဖေ့ဘက်အမေ့ဘက်ဆွေမျိုးများမှ ဆေးကျောင်းတက်စေချင်သည်ဟု အဆိုပြုလာကြသောကြောင့် အကုန်လုံးစိတ်ချမ်းသာအောင် ဆေးကျောင်းကိုသာရွေးချယ်ခဲ့မိသည် ။ ငယ်စဥ်ထဲက ဖတဆိုးသားလေးမို့ မေမေသာမက ဆွေမျိုးများကပါ ဖူးဖူးမှုတ်အလိုလိုက်ချစ်ကြသောကြောင့် တကြိမ်တခါတော့ သူတို့ဆန္ဒအတိုင်းဖြည့်ဆည်းပေးချင်မိသည်ပင် ။
ဧဒင်အတွက် ဆေးကျောင်းသည်လဲအခက်အခဲရှိလိမ့်မည်မဟုတ်ပေ
။ ဧဒင်ဆိုသောသူက ဥာဏ်ကောင်းထက်မြက်ပြီးသားသူတယောက်ဖြစ်သည်...။ ဘယ်အရာမဆို ကောင်းကောင်းလုပ်နိုင်သောသူတယောက်ပင်ဖြစ်သည် ။
လိုချင်သမျှဖြည့်ဆည်းပေးသောမေမေရှိလျှင် သူ့ဘဝက ပြည့်စုံပြီဟု တွေးမှတ်ထားသူတယောက်ပင်ဖြစ်သည်..။

မနက်ပိုင်းစျေးဖွင့်မည့်အချိန်ထဲကအလုပ်လုပ်ရသောမိခင်ဖြစ်သူအား အလုပ်မပိုစေလိုသောကြောင့် လိုက်မပို့ခိုင်းတော့ဘဲ taxiနှင့်သာကျောင်းသို့လာဖြစ်လိုက်သည် ။
အတန်းထဲရောက်တော့ အတန်းစဖို့နာရီဝက်ပင်လိုသေးသောကြောင့် ဂိမ်းတပွဲလောက်အေးဆေးဆော့လို့ရသေးသည်ဟု တွေးလိုက်မိသည် ။ အထက်တန်းတူတူအောင်ခဲ့သောသူငယ်ချင်းများနှင့်ပါကျောင်းတူသောကြောင့် ဧဒင်တယောက်ထဲကြောင်တောင်တောင်ဖြစ်မနေပေ ။ အလယ်ခုံ၌ထိုင်ကာ ဂိမ်းဆော့နေကြသောမိမိ၏သူငယ်ချင်းများကိုတွေ့သောကြောင့်သွားရန်အပြုမျက်စိထဲ၌ အနောက်ဆုံးတန်းမှ မိမိအားမျက်တောင်မခတ်ဘဲ ငေးကြည့်နေသော ဖြူဖြူကောင်လေးတယောက်ကိုမြင်မိသည်။
ထို့ကြောင့် ခြေလှမ်းများသည် ထိုကောင်လေးရှိရာသာ တန်းတန်းမတ်မတ်လျှောက်သွားလိုက်တော့သည်။
ဧဒင် ထိုကောင်လေးအရှေ့ရောက်သည်အထိ ထိုကောင်လေးသည် ငေးလို့ကောင်းတုန်းပင် ။
ယောင်္ကျားလေးအချင်းချင်းကြည့်လျှင် တခြားသူသာဆို ကြက်သီးထလောက်သော်လည်း ထိုကောင်လေးငေးကြည့်နေသည်ကိုတော့ ဧဒင်စိတ်ထဲ၌ဘယ်လိုမှမနေပေ ။ သဘောပင်ကျမိသေးသည်။ ထိုကောင်လေးသည်လဲ မိမိအားပေါက်ထွက်မတက်စိုက်ကြည့်နေခြင်းဖြစ်သည် ။
ဒီကောင်လေးငေးလို့တယ်ကောင်းနေတာပဲ...။ မဖြစ်တော့ သူခေါ်မှဖြစ်တော့မယ်...။

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedWhere stories live. Discover now