Kindness

11 2 0
                                    


(Unicode)

ပုဂ္ဂလိကပိုင် အထွေထွေရောဂါကု ဆေးရုံကြီးရဲ့ ပထမထပ်မှာ လှုပ်လှုပ်ရှားရှား အဖွဲ့လေးတစ်ဖွဲ့ရှိတယ်။

ပထမထပ်ရဲ့ receptionရှေ့က ခုံတန်းလေးနားမှာ အစုဖွဲ့ရပ်နေတဲ့ ကလေးခြောက်ယောက်။ အဖွဲ့ထဲ လူနာဝတ်စုံဝတ်ထားတဲ့ နှစ်ယောက်က ကျန်ကလေးတွေထက် ဖြူလျော်ပုံပေါက်ပေမယ့် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးလေးတွေ အရောင်လက်နေတယ်။

သူတို့က ကမ်ဘာကြီးကို ကယ်တင်ဖို့ ကြံစည်နေကြတာ။ သူတို့မြင်နေကြ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန် ကိုကိုမမတွေလိုပဲ သူတို့လည်း လူတွေကို ကယ်တင်ချင်တယ်။ ဒါကြောင့် ဒီနေ့ သူတို့အစည်းအဝေးထိုင်နေတာ။ တာဝန်အသီးသီးခွဲဝေပြီး လူတွေကို ကူညီဖို့။

"ငါက batmanဆိုတော့ တိုက်အမြင့်ကြီးပေါ်တက်ပြီး လူဆိုးတွေကို ချရမှာ ငါcaptainလုပ်မယ်"

"အဲဒါဆို ငါလည်း spidermanပဲလေ ငါလည်း တိုက်တွေပေါ်ခုန်ကူးရမှာပဲကို ငါပဲ captainလုပ်မယ်"

"အဲဒါဆို ငါကရော ငါက ဘာလုပ်ရမှာလဲ"

အဖွဲ့ထဲ တစ်ဦးတည်းသောမိန်းကလေးဖြစ်တဲ့ မျက်လုံးဝိုင်းဝိုင်း ကောင်မလေးက ဝင်မေးတော့
မျက်နှာသုတ်ပဝါကို ဝတ်ရုံလိုခြုံထားတဲ့ batmanဆိုတဲ့ကောင်လေးက မေးပွတ်ပြီး စဉ်းစားတယ်။

"နင်က ငါ့ချစ်သူလုပ်လေ လူဆိုးတွေအရင်ဖမ်းခိုင်းပြီး နင့်ကိုလာကယ်မယ် အဲဒီအခါကျ နင်က ငါ့ကို ကိုကို ကယ်ပါဦးလို့ ပြောရမှာနော်"

ကောင်မလေး ပါးလေးက ဖြန်းခနဲ ရဲတက်သွားတယ်။ သူမက ယောကျ်ားလေးတွေလို ဟီးရိုးမဖြစ်ချင်ပါဘူး။ အခု သူမက မင်းသမီးဖြစ်ရတော့မယ်ဆိုတော့ ကျေနပ်သွားတယ်။ ခုန်ဆွခုန်ဆွလုပ်ချင်ပေမယ့် မင်းသမီးဆိုတော့ အိနြေ္ဒလေးဘာလေး ဆည်ရမယ်လေ။ သူမ roleကိုရသွားတော့ ရှက်ကိုးရှက်ကန်းအမူအရာလေးနဲ့ ကျန်တဲ့roleမရှိသေးတဲ့ သုံးယောက်ကို ကြည့်လိုက်တယ်။

"ဒါဆို သူတို့ကရော"

Batmanကပဲ လူနာဝတ်စုံဝတ်ထားတဲ့ နှစ်ယောက်နဲ့ ကျန်တဲ့ အရပ်ရှည်ရှည်ပိန်ပိန် ကောင်လေးတစ်ယောက်ကို ကြည့်လိုက်တယ်။ သူ့ပုံစံက audition roomထဲက ဒါရိုက်တာတစ်ယောက်လိုပဲ သေချာအကဲဖြတ်နေတယ်။

ကမ္ဘာ အသင်ချေ [ ကမၻာ အသေခၤ် ]Where stories live. Discover now