𝟭𝟯🌺

1.2K 133 2
                                    

Unicode

အချိန်အားဖြင့် ည၁၁နာရီတော့ရှိပြီ။ ကျွန်တော် Noonaအိမ်မှာ သောင်တင်နေတာနဲ့ အချိန်ဟာ မည်သို့ပင် ကုန်သွားမှန်းမသိပေ။ Noonaနဲ့ ကျွန်တော် စကားတွေအများကြီးပြောခဲ့တယ်။ အထူးသဖြင့် Noonaဖေဖေအကြောင်းပေါ့...။ ကျွန်တော်လညး် သိသင့်
သည်ဟုဆိုကာ Noonaက Mr. Parkအကြောင်းကို အများကြီးပြောပြခဲ့သည်။ အမှန်တိုင်းပြောတာပါ...။ ကျွန်တော် Mr. Parkပုံစံကို သိပ်သဘောမကျပါ။ သို့ပေသိ Noonaရဲ့ အဖေပဲဟူသည့်စိတ်ဖြင့် ဘာမှမပြောခဲ့တော့ပြီ။

"Jeon Jungkook!"

မှောင်မည်းနေသောအိမ်ဟာ ဧည့်ခန်း၌လင်းနေသည်။ ဖေဖေစာဖတ်နေတာဖြစ်မည်ဟုတွေးကာ ခြေဖွ၍ ဝင်လာခဲ့ပေမယ့် ဧည့်ခန်းတွင် ဖေဖေနှင့်အတူ မေမေ့ကိုပါ တွေ့လိုက်ရသည်။

"မေမေတို့ မအိပ်သေးဘဲ ဘာလုပ်နေတာလဲ"

"ဘာလုပ်ရမှာလဲ။ နင့်ကိုစောင့်နေတာလေ...လာဦး"

ခပ်ဆက်ဆက်ခေါ်သည့် မေမေဟာ ဒေါသထွက်နေလျက်။ ဘာကိုဒေါသထွက်လဲတော့ Jungkookမမှန်းတတ်ပါ။

"နင် Jimin အိမ်က ပြန်လာတာမဟုတ်လား"

"မေမေက ဘယ်လိုသိတာလဲ"

"ဘယ်လိုသိရမှာလဲ။ သတင်းတွေမှ ပလူပျံနေတာကို"

"ဘယ်လို!"

"နင်က ဆင်ခြင်ပေါ့ ကောင်စုတ်လေးရဲ့။ ဟိုက မိန်းကလေး။ မိန်းကလေးအိမ်ကို အရွယ်ရောက်ပြီးသားယောက်ျားလေးက လိုက်စရာလား"

မေမေက ကျွန်တော့်လက်မောင်းကို တဖျက်ဖျက်ရိုက်ကာ ပါးစပ်ကလည်း တဖွဖွပြောနေသေးသည်။

"မေမေကလည်း ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး"

"နင်တို့ လုပ်လုပ်မလုပ်လုပ်။ မီဒီယာတွေကတော့ လုပ်ချလိုက်ပြီဟေ့"

ကျွန်တော်ဟာ ပေါ့ပျက်ပျက်နိုင်တဲ့သူတစ်ယောက်ပဲ။ ကျွန်တော်က တံုးဝေးတဲ့သူတစ်ယောက်။ ကိုယ့်ကိုယ်ကို ယုံပါတယ်။ ကို်ယ်တွေဘာမှမလုပ်ဘူးဆိုပြီး စိတ်သန့်သန့်နှင့် အိမ်လည်ခဲ့တာ။ သူများတွေ လိုရာဆွဲတွေးမယ့်အရေးကို ကျွန်တော် သတိမရလိုက်ဘူး။

~•𝖧𝖮𝖬𝖤•~حيث تعيش القصص. اكتشف الآن