🍁22🍁

6.1K 899 101
                                    

(Unicode)

ကျောင်းဆင်းချိန်မို့‌ ကျောင်းသားကျောင်းသူများ အလျှိုအလျှိုထွက်လာကြသည်။ ထယ်ယောင်းမှာတော့ ခုထိ ဆွဲလက်စ ပန်းချီကားက လတ်စမသတ်ရသေးတာမို့ အတန်းထဲက မထွက်ရသေး။

"ထယ်ယောင်း မပြန်သေးဘူးလား"

အတန်းထဲမှ ရုပ်ချောပြီး လှပ‌လွန်းသောကောင်မလေး တစ်ယောက်က ထယ်ယောင်းပုခုံးကို လာကိုင်ရင်း မေးသည်။ ထယ်ယောင်းလည်း ထိုကောင်မလေးကို တစ်ချက်သာ မော့ကြည့်ပြီး ပန်းချီကားကို အာရုံပြန်စိုက်ကာ

"ဒါလေး လတ်စသတ်ပြီးရင် ပြန်မှာပါ"

"လှလိုက်တာ နင်က ပန်းချီဆရာလုပ်စားလို့ရနေပြီ၊ အဲ့ဒါ ချောက်ကမ်းပါးလား၊ တစ်ဖက်က ဘာပန်းတွေလဲ"

"မက်မွန်ပန်းတွေလေ"

ထယ်ယောင်းဆွဲနေတာကို ထိုကောင်မလေးက သေချာကြည့်နေပြီးမှ

"ငါ့နာမည် ယဲဂျင်းပါ၊ ဂန်ယဲဂျင်း"

"ကင်ထယ်ယောင်းပါ"

"နင့်နာမည်ကို ငါသိပြီးသားပါ"

ယဲဂျင်းစကားကြောင့် ထယ်ယောင်း ပြုံးရုံသာ ပြုံးပြလိုက်သည်။ ကျောင်းထဲ ကျောင်းသားအနည်းငယ်သာ ကျန်တော့မှ ထိုကောင်မလေးလည်း ထယ်ယောင်းကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။

ခဏအကြာမှာပဲ ဆွဲလက်စ ပန်းချီကားလေး ပြီးသွားတော့သည်။ တစ်ယောက်ထဲစောင့်နေရမဲ့ ဂျောင်ဂုကို တွေးမိတာကြောင့် ပစ္စည်းတွေ အမြန် လွယ်အိတ်ထဲ ထည့်ကာ sketch book ကိုတော့ လက်ကသာ ကိုင်ရင်း အပြင်သို့ ခပ်သွက်သွက်ပြေးထွက်လာခဲ့သည်။

"ဟေ့ ကောင်လေး"

ခေါ်သံကြောင့် ပြေးနေတဲ့ ခြေလှမ်းတွေကို ရပ်ကာ အနောက်ကို လှည့်ကြည့်လိုက်တော့ စီနီယာဖြစ်ဟန်တူသော ကျောင်းသား သုံးယောက်။

ထိုသုံးယောက်က ထယ်ယောင်းနားကို ဖြည်းဖြည်းချင်း လျှောက်လာသည်။

"ဒီကောင့်ရုပ်က ဘယ်နားထူးခြားနေလို့ ယဲဂျင်းက တကူးတက စကား သွားပြောရတာလဲ"

တစ်ယောက်က ‌ထယ်ယောင်းမျက်နှာကို သေချာစိုက်ကြည့်ရင်းပြောတော့ ဘေးက တစ်ယောက်က ပြောတဲ့သူအား လက်အသာတို့ကာ

Meet Me In Your Future [Completed]Where stories live. Discover now