10

410 40 0
                                    

ကြယ်ကလေးရဲ့ ချစ်ရသူ

အပိုင်း (10)

သုံးရက်ဆိုတဲ့ အချိန်ထိတောင် ဝမ်ရိပေါ် ရဲ့ သတင်းတွေက Weibo ရဲ့ Hot search မှာ တက်နေတုန်း ။ ပုံမှန်အတိုင်းဘဲ ဝမ်ရိပေါ် ကတော့ ကြော်ငြာ တွေ ရိုက် ဇာတ်ကားတွေရိုက် Recording တွေ လုပ်နေတုန်းဘဲ ။ ဒီနေ့ကတော့ ရှိသမျှ Schedule တွေ အကုန်ဖျက်ထားတယ် ။ အကြောင်းပြချက်လေးကတော့ ဒီနေ့ဟာ သတင်းရှင်းလင်းပွဲ လုပ်မှာမလို့ ။


သတင်းထောက်တွေ ရှိနေတဲ့ အခန်းထဲကို ဝမ်ရိပေါ် နဲ့ ဝမ်ရိပေါ် နောက်က ရှောင်းကျန့် ။ ထို့နောက် ရှောင်းကျန့် နောက်က ဖန်ရှင်း ။ ပြီးတော့ Staff တွေနဲ့ ဝမ်ရိပေါ် ဟာ ထို အခန်းလေးထဲကို ဝင်လာခဲ့သည် ။  ဝမ်ရိပေါ် ကတော့ Staff တွေ ဝန်းရံထားတဲ့ ပြီးတော့ သတင်းထောက်တွေရဲ့ မနီးမဝေးမှာ ရှိနေတဲ့ နေရာလေးမှာ ထိုင်လိုက်တယ် ။ ရှေ့က စားပွဲခုံပေါ်မှာလည်း သတင်းမီဒီယာတွေ ထားထားကြတဲ့ မိုက်တွေ ။ အကုန်လုံး တိတ်ဆိတ်သွားပြီ ဆိုမှ ဝမ်ရိပေါ် ဟာ ဖန်ရှင်း ကို ကြည့်လိုက်တယ် ။ အဆင်သင့်ဖြစ်ပါပြီ ဆိုတဲ့ အဓိပ္ပာယ် လေး ။


"အားလုံးဘဲ သိချင်တဲ့ မေးခွန်းတွေကို မေးလို့ ရပါပြီ "


"အဲ့နေ့က တစ်ကယ်ဘဲ ဝမ်ရိပေါ် က အဲ့အရက်ဆိုင်လေးမှာ အရက်သောက်ခဲ့တာလား "


"ဟုတ်တယ် အဲ့တာ ပြသာနာ ဖြစ်လို့လား "

ဝမ်ရိပေါ် ရဲ့ ခပ်ချေချေနဲ့ ဒဲ့တိုးပြောလိုက်တဲ့ စကားကြောင့် ထို သတင်းထောက် ပါးစပ်ပေါက် ပိတ်သွားရသည် ။ ဒါပေမဲ့ နောက်ထပ် သတင်းထောက် တစ်ယောက်က ထပ်မေးတယ် ။


"အဲ့နေ့ညက မူးနေတဲ့ ရှောင်းကျန့် ကို  အခန်းကို တွဲခေါ်လာတယ်ဆို "


"ဒါကရော ပြသနာ ရှိလို့လား ဖန်ရှင်း လည်း မူးလာရင် အဲ့လိုဘဲ ကျွန်တော် နေတဲ့ အခန်းကို ခေါ်လာနေကျလေ.. ဒါက ရေကြီးခွင်ကျယ် မေးစရာ မလိုဘူး ထင်တယ် "


အားလုံးသိချင်နေတဲ့ မေးခွန်းကို မေးဖို့ သတင်းထောက် တစ်ချို့က တုံ့ဆိုင်း နေတဲ့အချိန် သတင်းထောက် တစ်ယောက်က ထပ်မေးတယ် ။


ကြယ်ကလေးရဲ့ချစ်ရသူ (Complete)Where stories live. Discover now