15

369 36 0
                                    

ကြယ်ကလေးရဲ့  ချစ်ရသူ

အပိုင်း (15)


တစ်ပတ် ဆိုတဲ့ အချိန်က ခဏလေး ဒီနေ့ဆို ပြန်ဖို့အတွက် နေ့ရက်ကို ရောက်လာခဲ့ပြီ ။ မားကိုလည်း ပေကျင်းကို လိုက်ခဲ့ပါလား ပြောတော့ မားက ခပ်ပြုံးပြုံးလေးရယ်တယ် ။ ပြီးတော့ ဝမ်ရိပေါ် ကို ဖက်လိုက်ရင်း ပါးလေးကို ဖွဖွလေး နမ်းတယ် ။ စိုက်ခင်းလေးတွေကို စိတ်မချတဲ့ မားက နောက် ရက်အနည်းငယ် နေရင် လိုက်ခဲ့မယ်တဲ့လေ ။ မားကို ယုံကြည်ချင်တယ် ။ ပါးလိုမျိုး လိမ်မှာကို သိပ်ကြောက်တယ် ။ ပထမဉီးဆုံး ပွဲ ဉီးထွက်မှာလည်း ပါးဖြစ်သူ လာမယ် ဆိုတာကို ယုံကြည်ပြီး စောင့်နေခဲ့တာ နောက်တော့လည်း ပါးက အကြောင်းပြချက်လေး ပေးပြီး မလာခဲ့ဘူး ။ အခုလည်း မားက တစ်ကယ်ရော သူ ရှိတဲ့ ပေကျင်း ကို လိုက်လာပါ့မလား   ?


ရိပေါ် ရဲ့ တွေဝေနေပုံ ကို ကြည့်ပြီး ဝမ်မားက ရိပေါ် ရဲ့ မျက်နှာလေးကို သူနဲ့ မျက်နှာချင်းဆိုင် ကာ ကြည့်လိုက်တယ် ။



"ပေကျင်းကို မား လာခဲ့ပါ့မယ် တစ်ပတ်ဘဲ တစ်ပတ်ဘဲ စောင့်ပေး ဟုတ်ပြီလား.မားလိုက်လာခဲ့မယ် "


"တပတ်... တစ်ကယ် နော် မား တစ်ပတ် ဘဲ ပြီးရင် လာခဲ့ရမှာ "

"လာခဲ့မယ် လေယာဉ် ထွက်တော့မယ် တက်တော့နော် "


"ဟုတ်ကဲ့ မာမား.ချစ်တယ် "


"မားလည်း သားလေးကို ချစ်တယ် "


ဝမ်ရိပေါ် ရော ရှောင်းကျန့် ရော ဝမ်မားကို နှုတ်ဆက်ပြီးတာနဲ့ လေယာဉ်ပေါ် တက်သွားကြသည် ။


********

"ကျစ်...."


ရှောင်းကျန့်က သူ့ရှေ့မှာ မြင်နေရတဲ့ မင်းသမီး ကို ကြည့်ပြီး စိတ်ပျက်မိတယ် ။. ဘယ်လိုတောင်လား.လိုတာထက်ကို ပိုပြီး ဝမ်ရိပေါ် ကို ဖက်နေတာက ။

"ကဒ်... ရပြီ"

ဒါရိုက်တာက ကဒ်လို့တောင် ပြောနေပြီ ဒါကို မင်းသမီး က ဝမ်ရိပေါ် ကို ဖက်ထားသေးတယ် ။ ဘာတဲ့... ဘာတဲ့... အဲ့ မင်းသမီး နာမည်... ဖန်ယိ ဆိုလား... ။



ကြယ်ကလေးရဲ့ချစ်ရသူ (Complete)Where stories live. Discover now