part4.5

21.8K 2.2K 71
                                    

တစ်ပတ်အကြာ

ည 1နာရီ ချိန်တွင် လူနှစ်ယောက်ဟာ
အခန်းတစ်ခန်းရှေ့မှာရပ်နေသည်။ လူလစ်တာ
ကိုစောင့်ပြီးမှ ထိုနှစ်ယေညက်ထဲက အမျိုးသမီးတစ်ယောက်ဟာအခန်းထဲဝင်သွားပြီး ၅မိနစ်
အကြာမှာပြန်ထွက်လာကာ အပြင်တွင်ကျန်ခဲ့
သောလူနှင့် လက်ဝါးချင်းရိုက်ပြီးထိုနေရာမှ
ပြုံးရွှင်စွာထွက်သွားကြသည်။

အခန်းထဲက လူနာကုတင်အောက်တွင် ပုန်းနေတဲ့ ခေးက ဟိုမိန်းမထွက်သွားတာနဲ့ ချက်ချင်း ကုတင်အောက်ကထွက်လာပြီး​ဆေးပိုက်ကို
ဖြုတ်လိုက်ပြီးနောက် မိုးညနဲ့အတူလူနာကို
စတိုခန်းဟောင်းထဲရွှေ့လိုက်သည် ။

--—

ထိုဖြစ်ရပ်မတိုင်ခင် တစ်ပတ်အလို

"ကယ် ခေး ပြောစရာရှိတယ်ဆို "

"အေ ဒီလိုကွမိုးည ...."

ခေးလဲစကားဆုံးရော မိုးညက

"ဘာ ငါ့ရဲ့ sleeping beauty လေးကိုသူတို့ကအဲ့လိုကြံတယ်ပေါ့ "

"အေကွ အဲ့ဒါငါအစီစဉ်တစ်ခုလုပ်ထားတယ် "

"အင်းပြောလေ"

"ဒီလိုကွာ အဲ့ညကျရင် ငါက ကုတင်အောက်မှာဝင်နေ နေမယ် သူတို့က ချိတ်ထားတဲ့ဆေးထဲ အဆိပ်ထည့်မှာ ငါကသူထွက်တာနဲ့ချက်ချင်း
ဆေးပြန်လဲမယ် မင်းကသူတို့ထွက်သွားတာနဲ့
ငါ့ကိုလာကူ လူနာကို စတိုခန်းထဲခနပြောင်း
ထည့်လိုက်မယ် "

"စတိုခန်းက မသန့်ဘူးကွ"

"ငါအကုန်ပြင်ထားပြီးသားပါ အဖေရယ် "

"ပြီးရောကွာ ဒါပေမယ့်လူနာရှင်ကသဘောတူပါ့မလား"

ထိုချိန်..

"ကိုယ်လက်ခံတယ် "

"ဟင်"
"ဟင်"

မင်းအပိုင် ခေးကိုရှာရင်းခေးတို့ပြောတာ
အကုန်သူကြားလိုက်သည်

"ကိုယ်လက်ခံတယ် အမှန်ဆိုခေးလုပ်စရာမလိုဘူး ကိုယ်ဆေးရုံကိုပြာချလိုက်လို့ရတယ်"

"အမလေး ဒီကလစာနဲ့သားနေရတာပါ
မလုပ်လိုက်ပါနဲ့ သူတို့ကိုလွယ်လွယ်နဲ့တော့
အဆုံးမသတ်စေချင်ဘူး သူတို့အပြစ်သူတို့ခံယူစေချင်တာ"

True love system (Completed)Where stories live. Discover now