part9.5

20.3K 1.7K 5
                                    

ခေါင်မိုးပေါ်ကနေ ထွက်သွားတဲ့အရိပ်လေးဟာစားဖိုဆောင်ခေါင်မိုးထပ်တွင်လဲထပ်
စောင့်ကြည့်နေသည်။မင်းကြီးတွက်စားစရာ
ပြင်ဆင်ပြီး နန်းဆောင်သွားတဲ့လမ်းတွင်
အရိပ်လေးဟာ ထိုလူအားဖမ်းစီးခေါ်ဆောင်သွားလိုက်သည်။ သူ့အစား ဘုရင့်ရဲ့လူ
တစ်ယောက်ကို စားစရာပြင်ဆင်ခိုင်းပြီး သွား
ပို့စေခဲ့သည်။

ရိရန်နိုးလာတော့ ဘေးက ပိကျိပိကျိအသံကြး
သဖြင့်ကြည့်လိုက်ချိန် အီးပါးထားတဲ့သားက
ခြေထောက်လေးမြောက်ထားပြီး ဟိုကြည့်ဒီ
ကြည့်လုပ်နေသည်။ချူလင်းက မျက်နှာကြရှူတ်မဲ့ကာ အီးပေကောင်လေးကို မထိတထိလုပ်နေသည်။

"ချူးလင် ခများမျက်နှာကဘာဖြစ်နေတာလဲ"

"သားက ရွှေတုံးလေးတွေပါထားတယ် ကိုယ်
သန့်ရှင်းရေလုပ်ပေးမလို့ကိုသူက ရှူးနဲ့ပန်းတယ် ကြည့်ကိုယ့်မျက်နှာ"

"အဟမ်း...ဖယ် ကျွန်တော်ဘဲလုပ်တော့မယ်"

ရိရန် ကလေးကိုသန့်ရှင်းပေးပြီးတာနဲ့
စားစရာတွေရောက်လာတာကြောင့် ထိုင်ရုံ
ရှိသေး သားက ခုနက ဘွတ်ဘွတ်ထားပြီး
ဗိုက်ဆာပြီးငိုနေလို့နို့လှန်တိုက်လိုက်ရသည်။

"ခင်များဘာကြည့်နေတာလဲ ထမင်းခွန့် "

"အင်းအင်း ထမင်းစားပြီးရင်နို့တိုက်နော်"

"အေဟေ့ ခွန့် ဗိုက်ဆာပြီး"

ထမင်းခွန့်နေစဉ်...

"ကြင်ယာတော်ရောက်ရှိကြောင်းပါ"

"ကျစ်... မဝင်"

ချူလင်းကမဝင်ခိုင်းချင်ပေမယ့် ရိရန်က
လက်ကိုဆွဲကာခေါင်းခါပြသည်။

"ဝင်ခဲ့"

"မင်းကြီးကို ဂါရဝပြုပါတယ် "

"ငါ့ကိုမမြင်ဘူးလား ရှင်းရိ "

"ဟုတ်ကဲ့တောင်းပန်ပါတယ် အဟင်း"

"အင်း မြင်ရင်လဲ ဂါရဝပြုလေ"

ရှင်ရိ လက်သီးဆုတ်ထားပြီး...

"မိဖုရားကိုဂါရဝပြုပါတယ် "

"အဟင်း...ဘာလို့လုပ်ခိုင်လဲသိလား ကိုယ့်နေရာကိုယ် မေ့နေမှာစိုးလို့"

True love system (Completed)Where stories live. Discover now