The Shameless Prince (U)

45 2 0
                                    

ဟိုးရှေးရှေးတုန်းက လှပတဲ့ တိုင်းပြည်ငယ်လေးတစ်ခု ရှိခဲ့တယ်။ တိုင်းပြည်ငယ်လေးရဲ့ ဘုရင်က ကြင်နာတတ်ပြီး မိဘုရားကလည်း အလွန်လှပသူဖြစ်လေတယ်။ ဒါပေမဲ့ သူတို့ကို သောကရောက်စေတဲ့ ပြသနာတစ်ခု ရှိနေခဲ့တယ်။ ပြသနာကတော့ သူတို့မှာ သားသမီးမရှိတာပဲဖြစ်တယ်။

မိဘုရားက နေ့တိုင်း ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်။ တစ်ရက်ကျတော့ ဘုရားသခင်က မိဘုရားရဲ့ဆုတောင်းကို ပြန်ဖြေခဲ့တယ်။

ဘုရားသခင်က မိဘုရားကို ပြောလိုက်တယ် "အိုး လှပတဲ့ သမီးတော် ဘုရင်ကို ပထမဆုံးတွေ့တုန်းက သူကဘယ်လိုလူမျိူးလဲ"

"အဲ့အချိန်တုန်းက နှစ်ယောက်လုံးက ငယ်ကြသေးတယ် သူ့ကိုပထမဆုံးတွေ့တုန်းက သူ့သွင်ပြင်က အကြောက်အလန့်မရှိ ပူပန်မှု ကင်းပုံပေါ်ပါတယ်" လို့ မိဘုရားကဖြေဆိုလိုက်တယ်

ဘုရားသခင်ကမေးပြန်တယ်
"သမီးတော်နဲ့ ချစ်ကျွမ်းဝင်တဲ့အခါမှာရော သူက ဘယ်လိုလူမျိုးလဲ"

မိဘုရားက ပြန်ဖြေလိုက်တယ် "အဲ့အချိန်မှာ သူကဘုရင်ဖြစ်ပြီးနေပြီ သူက တိုင်းပြည်ရေးရာကိစ္စတွေကို နေ့တိုင်းစီမံနေရတဲ့အတွက် အလွန်အလုပ်ရှုပ်တဲ့သူဖြစ်ပါတယ်"

ဘုရားသခင်က နောက်ဆုံးအကြိမ်မေးလိုက်တယ်
"ဒါဆို လက်ထပ်တဲ့ညမှာရော သူကဘယ်လိုလူမျိုးလဲ"

မိဘုရားမှာ ရှက်သွေးဖြာသွားရသည်။
"အမ်.... ဘယ်လိုပြောရမလဲ နည်းနည်းတော့ ရှက်စရာကောင်း...."

ဘုရားသခင်က သူမကိုပြောလိုက်တယ်
"ကောင်းပြီ သမီးတော်မှာ ကလေးသုံးယောက်ရလာလိမ့်မယ် ဒါပေမဲ့ သူတို့က ပြီးပြည့်စုံတဲ့သူတွေဖြစ်မှာတော့ မဟုတ်ဘူး အဲ့လို မပြည့်စုံတာတောင်မှ သူတို့ကို ချစ်မြတ်နိုးနိုင်မှာလား"

သံသယဖြစ်စရာမလိုစွာပင် မိဘုရား သူမကလေးတွေကို ချစ်မြတ်နိုးမှာဖြစ်သည်။ သူမက ဘုရားသခင်ကို ကျေးဇူးတင်လိုက်သည်။ ပြီးနောက် သူမခင်ပွန်းကို ဒီသတင်းကောင်းကို ချက်ချင်းပြောပြလိုက်တာပေါ့။

သိပ်မကြာခင်မှာပဲ မိဘုရားက သုံးမွှာပူးလေး မွေးလာခဲ့သည်။ သူမကလေးသုံးယောက်လုံးက ကျန်းကျန်းမာမာရှိကြတယ်။ ဘုရင်နဲ့ မိဘုရားလည်း ကလေးတွေ တဖြည်းဖြည်း ကြီးပျင်းလာတာကိုကြည့်ရင်း အပျော်တွေနဲ့ ပြည့်နေတော့တာပေါ့။

The Shameless PrinceWhere stories live. Discover now