🍬

1K 92 18
                                    

"အာ့...!!!"

"ခင်ဗျား လူတစ်ယောက်လုံးလာတာ မမြင်ဘူးလား...? "

သဝဏ် ကျသွားတဲ့ စာအုတ်လေးတွေကောက်ရင်း မျက်ရည်လေးဝဲလာသည်...။ အကြောင်းရင်းကတော့ တိုက်မိ၍ ပြုတ်ကျ‌သွားသော စားနေရင်းတန်းလန်း အသဲပုံ တုတ်ချိုချဉ်လေးကြောင့်...။

သဝဏ်လည်း စာအုပ်တွေကောက်‌ေနရင်း ကြည့်လိုက်တော့ ကက္တီပါဖိနပ်အမည်းရောင်နှင့် ကြည်လင်နေသော ‌ခြေချောင်းသွယ်သွယ်လေးများ ဖြည်းဖြည်းချင်းအပေါ်မော့ကြည့်လိုက်တော့ ကျောင်းဖြူအကျီကို တံတောင်ဆစ်ထိခေါက်ထားကာ ကျောင်းစိမ်းပုဆိုးကို သေသေသပ်သပ်ဝတ်ထားသော ထိုလူ...။

အသက်မှရှိရဲ့လား သူကျနော့်ကိုကြည့်တဲ့အကြည့်တွေက စူးရှပြီး နူးညံ့မှုတွေ အထင်းသား ...။ သဝဏ်လည်း အမြန်ထလိုက်ပြီး.....

" ပြန်ရော်ပေး...!!! "

"ဘာ..."

"ခင်ဗျားကြောင့် ကျနော့်ချိုချဉ် ကျသွားတာလေ "

ထိုလူက ကွဲနေသော ချိုချဉ်အပိုင်းစလေးကြည့်ရင်း

"အော်......" ဟုပြောကာ ထွက်သွားလေသည်..။

"ဟေ့လူ ..!!!"

သဝဏ်အော်ခေါ်လိုက်ကာ ထိုလူလှည့်ကြည့်လာတော့..

" နာမည်..."

"ဘာ.."

အက်လူ ' ဘာ 'ပဲပြောတတ်တာလားမသိ သဝဏ်လည်းစိတ်လေစွာနဲ့.....

"ခင်ဗျားနမည် ..."

" ည..."

" ဘာ..ဘာပြောတာ.."

" မိုးည..!"

ပြောပြီး ပြန်ထွက်သွားသော ထိုလူ...။ သဝဏ်ရင်ခုန်‌ေနတာကို ဒေါသနှင့်ဖုံးဖိပြီး 8တန်း(A)ရှိရာသို့ လာခဲ့တော့သည်..။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

" သဝဏ် မောနိ.."

"သဝဏ် လာတာနောက်ကျတယ်နော်.."

" သဝဏ် ဒီနေ့အရင်ထက်ပိုချောလာတယ်..."

ဒီလိုပါပဲ ကျနော် အခန်းထဲဝင်ရင် ကောင်မလေးတွေ ပြောနေကြ...။ သဝဏ် ခေါင်းငြိမ့်ပြပြီး နောက်ဆုံးတန်းကခုံကို ဝင်ထိုင်လိုက်သည်။

Candy...... 🍬(Complete)-uni&zawgyiWhere stories live. Discover now