Chapter(4)- My Old Enemy Disregarded His Occupation

445 100 3
                                    

[Unicode]

ဒီနေ့ညကစတုတ္ထမြောက်ညဖြစ်တယ်။ ကျွန်တော်က မင်းသမီးရဲ့သနားဖွယ်ရာအသွင်ကိုပြပြီး သူရဲကောင်းရဲ့တိုက်ရည်ခိုက်ရည်လေးများတိုးတက်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ မင်းသမီး Colemanကို နတ်ဆိုးနန်းတော်ခန်းမဆီကိုခေါ်ဆောင်ထားခဲ့တယ်။

မင်းသမီးကသူမထိုင်နေတဲ့နေရာကိုပြောင်းလိုက်ပြီး မီးနဂါးFafnirရဲ့အတောင်ပံအောက်ကို ကြုံ့ကြုံ့လေးဝင်လိုက်ပြီး
"ဒီနေရာမှာ ဒီလိုလေးထိုင်ရမှာလားSarthis?"

"ငါမင်းကိုပြောပြီးသား!! ငါ့ကိုနတ်ဆိုးဘုရင်လို့ခေါ်ပါဟ!!"  ကျွန်တော်စိတ်မရှည်စွာဖြင့်လေပူများမှုတ်ထုတ်လိုက်သည်။
"မင်းအဲ့ဒီနေရာမှာပဲ တိတ်တိတ်လေးထိုင်နေဖို့လိုတယ် ပြီးရင်မျက်ရည်လေးဘာလေးဝဲပြနိုင်ရင် အကောင်းဆုံးပဲ...နားလည်လား?"

မင်းသမီးကပြုံးပြီးပြောလိုက်တယ်။
"ဟုတ်ပါပြီ"

"ဒါပေမယ့် တစ်ခုခုလွဲနေပြီလို့ခံစားမိ..."
သူမကခဏလောက်စဉ်းစားလိုက်ပြီး Fafnirရဲ့ခြေချောင်းတွေကိုမြှောက်လိုက်ပြီး သူမကိုတင်းကျပ်စွာကုပ်ထားသလို ထားလိုက်တယ်။
"ဒီလိုမှပြည့်စုံသွားတာ"

ကျွန်တော်သူမကိုချီးမွမ်းလိုက်တယ်။
"မင်းက မင်းသမီးတစ်ယောက်ဖြစ်နေတာတောင် စည်းမျဉ်းစည်းကမ်းတွေကိုကောင်းကောင်းသိထားမယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး"

ဒီလိုနဲ့ ကျွန်တော်တို့သည်သူရဲကောင်းLukeကိုစောင့်နေခဲ့ကြတယ်။ သူရဲကောင်းကသူ့ရဲ့ဓားတော်မြတ်ပို စွမ်းအင်အပြည့်သွင်းထားပြီးမှယူဆောင်လာရုံသာမက သစ်သားသေတ္တာအကြီးတစ်လုံးကိုပါသယ်လာလိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဖူးဘူး။

ဒါကလျှိူ့ ဝှက်လက်နက်တစ်ခုခုများဖြစ်နေမလား? နောက်ဆုံးတော့ မင်းတကယ်အလေးအနက်ထားလာပြီပဲ ငါ့ရဲ့ရန်သူဟောင်းလေး!

သူရဲကောင်းက မီးနဂါးFafnirရဲ့လက်သည်းကြားမှာ ထိန်းသိမ်းခံထားရတဲ့မင်းသမီး Colemanကိုတွေ့လိုက်တဲ့အခါ လှမ်းမေးလိုက်တယ်။
"အဆင်ပြေရဲ့လား အရှင့်သမီး?"

As The Demon King, I'm Very Distressed Because The Hero is too weak 1.0 Where stories live. Discover now