EROS KOokIe-21⚠

2.1K 198 126
                                    

Zawgyicode

WARNING-RATED-M(If You Are Innocent,Please Skip That...)

အေးစက်နေတဲ့ လေထုအတွင်းမှာ Kim Taehyungတယောက် လက်အချင်းချင်းပွတ်လို့ နွေးသွားအောင် လုပ်ယူနေရသည်...

"ချက်ခြင်းရှင်း!...အဲ့ကောင်က ဘယ်ကလဲ...''

ခပ်ဆက်ဆက် အော်သံနှင့်အတူ Jungkookieရဲ့ ဒေါသတွေဟာ အမြင့်ဆုံးမှာ ရှိနေသည်...

Taehyungမပြောနဲ့...ဘာအပြစ်မှ မလုပ်ထားတဲ့ ကျန်လေးယောက်တောင် အသံတချက် မထွက်ရဲ...

"Kookie...သူနဲ့ကိုယ်က တကယ်ရိုးသားပါတယ်ကွာ...ကြော်ငြာရိုက်ရင်း ခြေခေါက်သွားလို့ မတော်တဆ သူ့ကို ဖက်လိုက်မိတာပါ...''

"အဲ့ဒါဆို ဒီပုံကဘာလဲ!!...မတော်တဆလို့ဆိုပြီး Socialထိ ဒီပုံက ပျံ့လာရသလား!!...မဂ္ဂဇင်း မျက်နှာဖုံးမှာတောင် ပါလာပါ့မလား!!..အားးးအဲ့မှာရေးထားတဲ့စာ တွေ့လား!...လိုက်ဖက်နေတာပဲတဲ့!!...ခင်ဗျားဘယ်လိုရှင်းဦးမှာလဲ!!..."

ဒေါသတကြီးနဲ့ မျက်လုံးကို စုံမှိတ်လို့ အော်နေသူလေးက မျက်နှာမှာ နီရဲနေလျက်...မသိလျှင် ခုချက်ခြင်း လူထသတ်တော့မည့် အတိုင်းပင်...

"Kookie...ကိုယ့်ကိုကြည့်ပါဦး...ကိုယ့်ကို မယုံဘူးလား...ဟင်...ကိုယ်က မင်းတယောက်ထဲကိုပဲ ချစ်တာလေ...ပြီးတော့ ဒါကတကယ် မတော်တဆပါ...အဲ့ဒါကို ဓာတ်ပုံဆရာက ကြည့်လို့ကောင်းတယ်ဆိုပြီး ထည့်လိုက်တာ...Kookieမကြိုက်ဘူးမလား...ကိုယ်ပြန်Cleanလိုက်မယ်...အဲ့ဒီမဂ္ဂဇင်းတိုက်နဲ့ ဓာတ်ပုံဆရာကိုပါ ထောင်ထဲထည့်လိုက်မှာမို့ စိတ်မဆိုးနဲ့တော့နော်...''

စကားအရှည်ကြီးနဲ့ သူ့နားကို လာထိုင်ရင်း ချော့လေသော Taehyungကြောင့် Jungkookieတယောက် နှုတ်ခမ်းဆူရင်း ခေါင်းခါပြလိုက်သည်...

"အဲ့လောက်ကြီး မလိုပါဘူး...သူတို့ကိုတော့ အပြစ်မရှာပါနဲ့...တကယ်မဟုတ်ရင် ပြီးတာပဲကို...''

Jungkookieက အရမ်းအသည်းနုတဲ့ ​ကောင်လေးတ​ယောက်ပါ...သူ့ကြောင့်နဲ့တော့ ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်ဘူးလေ.....

"ကိုကိုနော်...နောက်တခါဆိုရင်တော့ တကယ်စိတ်ဆိုးတော့မှာ...''

EROS KOokIe(Completed)Where stories live. Discover now