π Part 2 π

416 27 3
                                    

Unicode✨

Stuck on You^^

π Part-2 π

"ကျစ် ဟိုကောင့်ကြောင့် စားချင်စိတ်တောင်မရှိတော့ဘူး!"

"အာ မင်းကလဲကွာ မတော်တဆဝင်တိုက်မိတာကိုအဲ့လောက်ဒေါသထွက်စရာမလို.. အဟွတ်!အဟွတ်!"

'Ohm' ပြောနေရင်း မျက်စောင်းတစ်ချက်လှမ်းခဲလာသည့် 'Tine'ကြောင့် စားနေသည့်မုန့်များပင်ဆို့နင်ကုန်သည်။

"ကဲ တော်ပါတော့ သူလဲတမင်လုပ်တာမဟုတ်လောက်ပါဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကောင်ရုပ်ကိုက သောက်မြင်ကတ်ချင်စရာပဲ!"

"ကဲပါ အဲ့ဒါအသာထား မင်းကို အလယ်တန်းကောင်မလေးတစ်ယောက်လာပေးထားတဲ့
မုန့်ဘူးရှိတယ်မလား?"

"ရှိတယ်လေ"

"မင်းစားချင်စိတ်မရှိရင်ငါတို့ကိုကျွေးလေ"

"အောင်မာ ငါ့ဟာလေ ဘာလို့ကျွေးရမှာလဲ?"

"ဟာ 'Tine'မင်းအဲ့လိုညစ်လို့မရဘူးလေကွာ"

"ရတယ် ငါ့မုန့်ငါပဲစားမှာ"

"မင်းက စိတ်ဓာတ်ပဲ Ai Tine!"

ခပ်ခုံးခုံးနှုတ်ခမ်း၏အစွန်းနားကလေး ကော့တက်သည်အထိအနိုင်ရသူအပြုံးနှင့် ပြုံးလျက် လက်ထဲကမုန့်ကိုဖွင့်ဖောက်လိုက်သည်။

"P'Tine Kha?"

မုန့်ဘူးဖွင့်နေရင်း နောက်ကနေခပ်တိုးတိုးခေါ်သံကြောင့်လှည့်ကြည့်လိုက်၏။

"အင်း ပြောလေ Nong?"

"ဟို သူတို့တွေက P'Tine'နဲ့အတူဓာတ်ပုံတွဲရိုက်ချင်လို့တဲ့ အဲ့ဒါ.."

"အော် ရတာပေါ့ Nongရယ်"

'Tine'တောင်မဖြေရသေးပဲ ဖြတ်ပြောလိုက်သည့် 'Frong'ကိုအလိုမကျစွာမျက်စောင်းတစ်ချက်လှမ်းခဲလိုက်ပြန်သည်။

"မရဘူးလားဟင် P'Tine'.."

ခပ်တိုးတိုးနှင့် အနည်းငယ်ချွဲ့နွဲ့ကာပြောလာသည့် မိန်းကလေးအားပြန်လှည့်ကြည့်မိတော့ 'Tine'တစ်ယောက်လက်ခံပေးရုံအပြင်မတတ်သာတော့ပေ..။

"ရ ရတာပေါ့ Nongရယ်"

"ဟုတ်.."

"ဒါနဲ့ Nong နာမည်ကရော"

Stuck On You (Completed)Where stories live. Discover now