π Part 11 π

311 20 7
                                    

Unicode✨

Stuck On You^^

π Part-11 π

"Prim အလုပ်ဆက်လုပ်ရဦးမှာမို့ ဒါပဲနော် P'Tine P'Sarawatကိုလဲ နှုတ်ဆက်ကြောင်းပြောပေးပါဦး"

"အင်း မနက်ဖြန်မှတွေ့ကြမယ်"

"ဟုတ်"

ဖုန်းပြောပြီးသည်နှင့်ဖုန်းကို စားပွဲပေါ်တင်ကာ အပြင်မှာထိုင်နေသည့် Wat၏ဘေးတွင်ဝင်ထိုင်လိုက်သည်။

"Wat? မင်းသိလား"

"ဘာကိုလဲ"

"အခုချိန်မှာ Prim'က ငါ့ကိုပျော်ရွှင်စေတဲ့တစ်ခုတည်းသောအရာပဲဆိုတာကိုလေ"

"မင်းနဲ့ငါ သူစိမ်းပဲဘာလို့ဒါတွေလာပြောပြနေရတာလဲ?"

"သူစိမ်းပဲဆိုပေမဲ့ ဘာကြောင့်မှန်းမသိ မင်းနဲ့သူငယ်ချင်းလုပ်ရင် ပိုအဆင်ပြေမယ်ထင်တယ်"

"မင်းရဲ့အချစ်သဝဏ်လွှာလေးတွေကိုနားဆင်ပေးဖို့အတွက်အဲ့လိုပြောတာဆိုရင်တော့ အားနာတယ် လာရာလမ်းအတိုင်းသာပြန်သွားလိုက်"

"ငါပြောတာ အဲ့လိုမဟုတ်ဘူး"

"ဒါဆို ဘယ်လိုလဲ ငါ့ကိုဘာလုပ်စေချင်နေတာလဲ?"

"ငါသဘောကျနေတဲ့တစ်ယောက်ယောက်အတွက် မင်းနဲ့တိုင်ပင်ဖို့လိုတာ"

"ဒါမဲ့ငါ့ဘက်က မင်းသူ့ကိုသဘောမကျနဲ့ဆိုတဲ့ ခေါင်းစဥ်ကလွဲတခြားတိုင်ပင်ပေးနိုင်တာတော့ရှိမှာမဟုတ်ဘူး"

"ဟ ငါ Primကိုသဘောကျနေတာကို မင်းကဘာလို့သဘောမကျနဲ့လို့တားနေရတာလဲ?"

"မနေ့တစ်နေ့ကမှတွေ့ပြီး သူ့အကြောင်းလဲသေချာမသိပဲ မင်းဘက်ကပဲဖြစ်နေမှာစိုးလို့ပြောနေတာ"

"ဒါတွေမင်းအာရုံစိုက်စရာမလိုဘူး ငါ့ဘက်ကပဲဖြစ်နေမိရင်လဲ ငါပဲခံမယ်"

"အိုးဟို့ အချစ်သူရဲကောင်းကြီးပေါ့ ဒါပေမဲ့ငါမင်းကိုသတိပေးပြီးပြီနော် Ai Tine ပြီးမှ ငါ
မတားခဲ့ဘူးလို့ငါ့လာပြသနာမရှာနဲ့"

"မရှာဘူး စိတ်ချ"

Tine လဲWat ဘေးမှထကာ အိပ်ရာထဲတန်းဝင်သွားပြီးWatက အုံ့ဆိုင်းနေသည့်မြူခိုးတွေထဲ ငေးစိုက်ကြည့်ရင်း အတွေးပေါင်းများစွာတို့ကို ရပ်တန့်မရအောင် တွေးတောမိနေခဲ့တော့သည်။

Stuck On You (Completed)Where stories live. Discover now