(Arc-3)Chapter-88

8.9K 2K 66
                                    

//Unicode//

အပိုင်း ၈၈- countdown

သူချစ်မြတ်နိုးရသူက သူ့ရင်ခွင်ထဲမှီတွယ်ပြီး
"ကျွန်တော်က ခင်ဗျားအပိုင်ပဲ"လို့ အချစ်
စကားလေးများပြောရင်း ပွေ့ဖက်နမ်းရှုံ့လာတာ....
ထိုကဲ့သို့သော ကြည်နူးဖွယ်ရာမျိုးက
ဒီဘဝတော့ သူ့အိပ်မက်ထဲမှာပဲ ဖြစ်နိုင်ခဲ့သည်။

ချီယန် ဒီလိုလုပ်နေတာကို သူလုံးဝမခုခံနိုင်ပါ။
လေထဲမှာ ပျံသန်းနေရသလို ခံစားရသည်။
သူ့ချစ်ရသူကိုပွေ့ဖက်၊ သွေးစုပ်၊ နမ်းရှုံ့ပြီး
ရူးရူးမူးမူး အမှတ်အသားတွေမပေးဘဲ
မနေနိုင်တော့ပေ။ သူ့ချစ်သူရဲ့အပြုအမူက
ထူးဆန်းနေတာကိုတောင် သူ သတိမပြုမိခဲ့ပေ။

သည်သုံးရက်လုံး သူ အလွန်ပျော်ရွှင်နေသည်။
ပထမ သူ သတိတထားရှိနေခဲ့ကာ တအား
မရဲတင်းရဲခဲ့ပေ။ နောက်တော့ သူ့ချစ်သူက
သူ့ပေါက်တတ်ကရအတွေး၊ စိတ်ကူးအားလုံးကို
တကယ် လိုက်လျောပေးနေတာမြင်တော့
သူ့စိတ်ထဲ အံ့ဩသွားရပြီး ပန်းမိုးများ
ရွာချနေသည်ဟုပင်ခံစားရကာ ကိုယ်ဘယ်သူလဲ
ဆိုတာတောင် မေ့လျော့လုနီးနီးဖြစ်သွားခဲ့သည်။
သူ့မှာ သိက္ခာတွေဘာတွေစောင့်ထိန်းမနေဘဲ
သူ့ချစ်သူကိုအကောင်လိုက်သာ
မြိုချထားလိုက်ချင်သည်။

သူ့မှာ ချီယန့်ကိုချစ်မြတ်နိုးရလွန်း၍ ချီယန့်
မျက်လုံးပေါ်က ဖဲကြိုးအမည်းကို ဖြည်ချလိုက်ချင်
စိတ်များပင် ပေါ်လာခဲ့သည်။ သူ့ကို
နူးညံ့ကြင်နာသည့် စိတ်ရှုပ်ထွေးနေသော
အ​ကြည့်လေးဖြင့်ကြည့်လာမည့် ချစ်ရသူကို
ပုံဖော်ကြည့်ရုံနှင့်တင် သူ့နှလုံးသားကို
လက်သည်းလေးများဖြင့် ကုတ်ခြစ်ခံနေရသလို
နူးညံ့မှုကို ခံစားရသည်။ ကံကောင်းစွာနှင့် သူ့မှာ
အလုံးစုံစိတ်ရူးမပေါက်သေးဘဲ စိတ်ကောင်း
အနည်းငယ်ကျန်နေသေး၍
ခဏလောက်တော့ သည်းခံထားဖို့ ကိုယ့်ကိုယ်ကိုယ်
သတိပေးလိုက်သည်။ နောင်မှာ အခွင့်အရေးများ
ရှိနေဦးမည်ပင်။ စိတ်လိုက်မာန်ပါဖြစ်နေသည့်
တစ်ခဏမှာ သူ့ဘက်ကလွန်သွားခဲ့လျှင်
သူ့ကလေးလေးအားယန်ကို ခြောက်လှန့်မိသလို
ဖြစ်ပြီး အားယန် ငိုသွားလိမ့်မည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Onde histórias criam vida. Descubra agora