Ch-1 'U

490 34 0
                                    

ကျန်းနန်ပြည်နယ်တစ်ဝိုက်မှာ တိမ်ပြိုမိုးတွေအဆက်မပြတ်ရွာသွန်းနေတယ်။ အုတ်မိုးကျွတ်ပြားပေါ်တစ်ဖြန်းဖြန်းလာရိုက်ခတ်နေတဲ့ မိုးစက်မိုးပျောက်တွေမှာ မုန်းမာန်များစွာ ပါနေလေရော့သလား။ ကောင်းကင်ထက်က တိမ်ညို တိမ်မည်း အလိပ်လိပ်တွေကလဲ မြစ်တွေတောင်တွေ ကျော်ဖြတ်ပြီး ဘယ်လောက်ထိခရီးဆက်ဦးမသိ။

ကျစ်စန်းဘုံကျောင်းနှင့် မနီးမဝေးတစ်နေရာက ရှေးဟောင်းအိမ်ကြီးရဲ့ ဒုတိယထပ် ပြတင်းပေါက်တည့်တည့်မှာတော့ လူတစ်ယောက်မတ်တပ်ရပ်နေတယ်။ မိုးစက်မိုးပေါက်တွေကို ကြည့်နေတယ်ထင်ရပေမယ့် သူမြင်နေရတာက မပီဝိုးတစ်ဝါးနဲ့ သူမြတ်နိုးရသူရဲ့ပုံရိပ်လေးတစ်ခုကို ဖော်ဆောင်ကြည့်နေရုံသာ။

ဓားသွားပမာဖြောင့်တန်းပြီး ထူထဲတဲ့ မျက်ခုံလှလှလေးနဲ့မလိုက်ဖက်စွာ မျက်မှောင်ကျူံ့နေခဲ့လျက်။ ခဏအကြာသူ့နောက်မှလက်ထောက်ဖြစ်သူထံ နှင်းဆီရောင်နှုတ်ခမ်းပါးနှစ်လွှာကိုဖွင့်ဟပြီး တိုးတိုးသက်သာ မေးလိုက်လေတယ်။

"ဥက္ကဌချန်မရောက်သေးဘူးလား"

နာရီဝက်နီးပါးရပ်စောင့်ပြီးမှ သူဌေးဖြစ်သူဆီကအသံထွက်လာ၍ လက်ထောက်ကလဲ သိထားသမျှတင်ပြရတော့တယ်။

"ဥက္ကဌချန် ဒီမနက်ယန်ကျိူးကို ရောက်နေပါပြီ မနက်ဖြန် ဒီကိုအရောက်လာမှာပါ ရှေးဟောင်းပစ္စည်းလေလံပွဲက ညနေ(၆)နာရီမှစမှာမို့ အမှီရောက်မယ်လို့ပြောပါတယ် "

အေးတိအေးစက်စကားသံက ရှေ့ဘက်ဆီမှထွက်ကျလာပြန်သည်။

"သူရောက်ရင်ဒီမှာပဲတည်းမှာဆိုတော့ မင်းနေခဲ့လိုက် မနက်ဖြန်လေလံပွဲကို ငါအရင်သွားနှင့်လိုက်မယ် သေချာလုပ်ပါ ငါလဲဒီမှာနေတယ်ဆိုတာမသိစေနဲ့ ညကစပြီးHotelမှာပဲအိပ်လိုက်မယ် သူပြန်မှလာခေါ် "

" ကျွန်တော်သိသွားတော့ ယွင်ရှီးကောကောက ဘာတွေများထိခိုက်သွားမှာ မို့လို့လဲ "

အနောက်ဘက်ဆီက ခပ်ဩဩအသံထွက်လာ၍ နှစ်ယောက်လုံး ကြောင်အသွားကြသည်။ လော်ယွင်ရှီးက လက်ထောက်ဖြစ်သူထံ အနည်းငယ်စိတ်ပျက်နေသောဟန်ဖြင့်မျက်လုံးပြူးကြည့်လိုက်သည်။ လက်ထောက်ဖြစ်သူကလဲ ကျွန်တော်မသိဘူးဆိုသည့်ဟန်ဖြင့် မျက်လုံးချင်းစကားပြောနေသယောင်။

𝐓𝐰𝐨 𝐏𝐚𝐫𝐚𝐥𝐥𝐞𝐥 𝐋𝐢𝐧𝐞𝐬 𝐌𝐞𝐞𝐭 𝐀𝐭 𝐈𝐧𝐟𝐢𝐧𝐢𝐭𝐲 '/ / 'Where stories live. Discover now