Ch-2 'U

173 23 0
                                    


ရှန်းတိုင်းပြည် , ယန်မြို့တော်

ယန်မြို့တော်တွင်း၌ကား ယနေ့သည် သာမန်နေ့များနှင့်ကွာခြားလွန်းကာ အတော်ပင်စည်းကားလွန်း၍ နေတော့သည်။ အကြောင်းမှာ ရှန်းတိုင်းပြည်၏ ရှင်ဘုရင်အသစ်ကလေးက မိဖုရားတစ်ပါး တော်ကောက်ယူမည်နေ့ပင် မဟုတ်ပါလား။

ရှန်းဘုရင်အဖြစ်ဆက်ခံသူ အနှီမင်းအသစ်မှာ အိမ်ရှေ့စံဘဝမှာကတည်းက ကိုယ်လုပ်တော်တစ်ဦးမျှပင် ထားရှိခဲ့ခြင်းမရှိပေ။ နန်းတက်မင်္ဂလာပြုပြီးသည့် နောက်ရက်ညီလာခံတွင် အမတ်မင်းတို့မှာ တိုင်းပြည်၏ ဆက်ခံသူမျိူးဆက်ကျန်ရှိစေရန် အကြောင်းပြုကာ ရှောင်းမင်းသမီးနှင့် လက်ဆက်မင်္ဂလာပြုလုပ်ရန် တိုက်တွန်းလျှောက်တင်ကြတော့သည်။

ရှောင်းမင်းသမီးမှာ ရှောင်းအမတ်ချူပ်ကြီး၏ ရင်းနှစ်သည်းခြာ ရတနာလေးဖြစ်ပြီး ရှန်းတိုင်းပြည်၌ အလှဆုံးပန်းပွင့်ကလေးဟုလဲ လူသိများကျော်ကြားလှပေသည်။ မျိူးရိုးဂုဏ်မြင့်မားသည့်အပြင် စာပေပညာ ဂီတပညာနှင့်ပန်းချီပညာ စသည်အတတ်တို့ပါ ကျွမ်းကျင်ပြည့်စုံလေရာ မျိူးရိုးမြင့်သခင်လေးများကပါ အလုအယက် ကြောင်းလှမ်းစေ့စပ်ခဲ့ကြဖူးသော်လည်း အမတ်ချူပ်ကြီးမှာ အလိမ္မာညဏ်ဖြင့်သာ လှလှပပငြင်းဆန်နေခဲ့သည်။

ထိုအဖိုးတန်သမီးလေးကို အဘယ့်ကြောင့် သာမန်မျိူးရိုးမြင့်များလက်ထဲ ဘယ်ထည့်နိုင်လိမ့်မလဲ။ သူ့ရဲ့ရည်ရွယ်ချက်က ဘုရင့်ယောက္ခမတော် ဖြစ်ဖို့အရေးလေ။

အမတ်အပေါင်းကို လာဒ်ထိုးသိပ်ပြီး ဇွဲကြီးကြီးကြိုးပမ်းမှုများသည် အရာထင်သည်ဟုပြောရပေမည်။ ရှန်းဘုရင်နန်းတက်ပြီး (၇)လပြည့်သည့်နေ့မှာပင် မင်းကြီးနှင့်လက်ဆက်ခွင့်ရသည့် တစ်ဦးတည်းသော မိဖုရားဖြစ်ရပေတော့မည်။

နန်းတော်တစ်ခုလုံး မြို့တော်တစ်ခုလုံးမှာ အနှီပျော်ပွဲရွှင်ပွဲအတွက် စိတ်အားထက်သန်နေကြရာ နီးကပ်လာသော အန္တရာယ်အငွေ့အသက်ကိုမူ မည်သူတစ်ဦးတစ်ယောက်မှ သတိမပြုမိပါချေ။

ယန်မြို့တော်၏ နာမည်အကြီးဆုံးဖြစ်သော "မျှော်လင့်ချက်" စားသောက်ဆိုင်ကြီးမှာလဲ လူများအုံခဲနေကာ စားသောက်သူများနှင့် ပြည့်ကျပ်နေတော့သည်။

𝐓𝐰𝐨 𝐏𝐚𝐫𝐚𝐥𝐥𝐞𝐥 𝐋𝐢𝐧𝐞𝐬 𝐌𝐞𝐞𝐭 𝐀𝐭 𝐈𝐧𝐟𝐢𝐧𝐢𝐭𝐲 '/ / 'Opowieści tętniące życiem. Odkryj je teraz