Episode-17

1.2K 224 132
                                    

(Unicode)

"Sung...Sunghoon"

လည်ပင်းအားထောက်ထားသော ဓားသွားကဲ့သို့ချွန်ထက်သည့်လက်သည်းတို့ကြောင့် Jungwonချွေးပျံနေလေပြီ။ ယနေ့သည်vampireတို့၏အမဲလိုက်ပွဲနေ့။ ဒီနေ့တွင်သူသာသွေးထွက်သွားလျှင် ဒီအိမ်ရောက်ပြီးနှစ်ရက်မြောက်နေ့တွင်ပင် သူgame overဖြစ်သွားနိုင်သည်မှာ100%။

"ဘာ...ဘာလို့ငါ့အပေါ်ကို ဒီလိုလုပ်ရတာလဲ။ မင်း...မင်းနဲ့ငါကသူငယ်ချင်းတွေလေ"

"ငါမင်းအပေါ်မှာတခါမှသူငယ်ချင်းလို့ မစဥ်းစားဖူးဘူး"

Jungwon၏အပြောနှင့်စက္ကန့်မခြား အေးစက်စွာပြန်လည်ပြောကြားလာသောSunghoon။ မျက်လုံးတို့သည်လည်း လိမ္မော်ရောင်တောက်ပနေကာ ပြတ်သားသည့်စိတ်အစုံအား ဖော်ပြနေတော့သည်။

"ငါမင်းအနားမှာရှိနေခဲ့တယ်ဆိုတာ မင်းကိုခံစားစေချင်လို့။ လူယောက်တည်းအပေါ်ခင်တွယ်ပြီး လူတယောက်တည်းအပေါ်မှီခိုနေချိန်မှာ အဲ့လူကမင်းကိုပစ်ပယ်သွားတဲ့ဒဏ်ကိုခံစားစေချင်လို့။ ငါခံစားခဲ့ရသလိုမင်းကိုခံစားစေချင်လို့"

Sunghoonစကားတို့အား Jungwonလုံးလုံးမျှနားမလည်။

"မင်းပြောတာတွေငါနားမလည်ဘူး။ မင်းအပေါ်ငါဘာလုပ်ခဲ့လို့ ငါ့ကိုဒီလိုတွေပြန်လုပ်နေတာလဲ"

Jungwon၏အမေးအားကြားလိုက်သောအခါတွင်တော့ လည်ပင်းမှသွေးကြောမှထောင်လာသည်အထိ Sunghoonဒေါသထွက်လာမိတော့သည်။ ဖြစ်နိုင်လျှင် ယခုချက်ချင်းပင်Jungwon၏လည်ပင်းအား ထိုးဖောက်လိုက်ချင်မိသည့်အထိပင်။

"ဘာလုပ်လို့လဲဟုတ်လား။ မင်းငါ့ဆီကနေJakeကိုလုယူသွားခဲ့တာလေ"

ဒေါသတကြီးပြောလာသောSunghoon၏အ​ဖြေသည် Jungwonအားပို၍ပင်ရှုပ်သွားစေတော့သည်။

"တော့ပုကီဦးလေးကြီးကိုလား...ငါကဘယ်တုန်းကလဲ"

"ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက။ Wonwonဘဝမှာရော အဲ့နောက်ပိုင်းပြန်ဝင်စားတဲ့ဘဝပေါင်းများစွာမှာရော မင်းအမြဲJakeကိုငါ့ဆီကနေလုယူသွားခဲ့တာ"

"မင်းအထင်လွဲတာရှိမယ်ထင်တယ်။ ငါသူ့ကိုမလုပါဘူး။ သူ့ကိုငါခင်တာမှန်ပင်မဲ့ သူ့ကိုမင်းဆီကနေလုယူတာတော့မလုပ်ပါဘူး"

Eternity{ENHYPEN fanfic}Where stories live. Discover now