(Unicode)
~~ပိကျိ~~ပိကျိ~~
ပြတင်းတံခါးဘောင်တွင် ရပ်နား၍မြည်တွန်နေသောငှက်ငယ်တကောင်။ အသာထိတွေ့ရန်ပြင်လိုက်တော့ အန္တာရာယ်အားသိသည့်အလား ရှောင်ထွက်သွားတော့သည်။
လက်အားပြန်ရုတ်သိမ်းရင်း Heeseungမချိပြုံးတခုသာပြုံးမိတော့သည်။ နာကျင်စရာများကြုံတွေ့ရတိုင်း ပြုံးမိသည်မှာ အကျင့်တခုတောင်ဖြစ်နေပြီလေ။
"Hyungဒီမှာဘာလုပ်နေတာလဲ"
ပခုံးပေါ်ရောက်လာသောလက်လေးတွေနှင့် ဆံပင်အုပ်အုပ်ပေါ်သို့ ကျရောက်လာသောခေါင်းလုံးလုံးလေး။
"ဒီတိုင်းအပြင်ကိုထိုင်ကြည့်နေတာပါ။ အိမ်မှာဆိုဒီလိုမျိုး ပြင်ပလောကကိုမြင်ဖို့မလွယ်ဘူးလေ"
ပခုံးပေါ်မှလက်လေးအားပြန်ဆုတ်ကိုင်ကာ အဖြေပြန်ပေးလိုက်တော့ သူ့အားမှီထားသည့်ကောင်လေးဆီမှ ဘာသံမှထပ်ထွက်မလာတော့။
"Wonwonလေး???"
ရုတ်တရက်ငြိမ်သွားသောကောင်လေးကြောင့် သူအသံပေးခေါ်လိုက်မိသည်။
"ဒီတိုင်းစဥ်းစားနေတာပါ။ ကျွန်တော်တယောက်တည်းသေမဲ့အရေးကို hyungကိုပါဆွဲထည့်မိလို့"
လေသံတိုးတိုးနှင့် ဖျော့တော့စွာပြောလာသောကောင်လေးကြောင့် Heeseungအားမရစွာပင် လက်သေးသေးလေးအားဖြစ်ညှစ်မိသည်။ ထို့နောက်လက်လေးအားဆွဲ၍ သူ့နောက်မှကိုယ်သေးသေးလေးအား သူ့ရှေ့သို့ခေါ်ယူလိုက်တော့သည်။
ပေါင်ပေါ်ဆွဲတင်လိုက်တော့ အလိုက်သင့်လေးငြိမ်လျက်ပါလာသည့်ကောင်လေး။ ပေါင်ပေါ်တစောင်းလေးဝင်ထိုင်၍ ရင်ခွင်ထဲခေါင်းမှီချွဲလာသည့်ကောင်လေးသည် သူလုပ်ချင်တာများလုပ်တတ်သည့်အဆိုးလေးမဟုတ်တော့သည့်အလား။
"Hyungကကိစ္စမရှိပါဘူး။ ဒီလိုမျိူးအဓိပ္ပါယ်မရှိရှင်သန်နေတာထက်စာရင် hyungရဲ့Wonwonလေးနဲ့အတူ ထွက်သွားရမှာက ပိုကောင်းပါတယ်"
ကျောပြင်သေးသေးလေးအား အသာပုတ်ပေးရင်း နှစ်သိမ့်စွာပြောလိုက်တော့ ရင်ခွင်ထဲမှကောင်လေးကခေါင်းငြိမ့်ပြလာတော့သည်။
YOU ARE READING
Eternity{ENHYPEN fanfic}