အပိုင်း(၁၀)

3.8K 462 20
                                    

Zawgyi

တီ....တီ...တီ

ဝင်လာသည့်ဖုန်းသံ​ကြောင့် jin နာရီကိုလှမ်းကြည့်​တော့မနက်၂နာရီပဲရှိ​သေးသည်။

"ဟဲလို...."

"ကျ​တော်တို့ ​jimin ရှိတဲ့​နေရာကိုသိရပြီ"

အိပ်​ပျော်​ချင်သလိုဖြစ်နေသည့်မျက်လုံး​တွေက ထိုစကားကြောင့်အဆမတန်သာပြူးကျယ်သွားသည်။

"တကယ်လား စုံ​ထောက် jong ကျ​တော်တို့အခုလာခဲ့လိုရလား"

"အခုလာခဲ့ရင် ပိုအဆင်​​ပြေမယ်ထင်တယ်"

"ဟုတ်ကဲ့ ကျ​တော်​တို့လာခဲ့ပါမယ် "

ဖုန်းကိုချလိုက်ရင်း အလျင်အမြန်အခန်းထဲကထွက်လာ၍ jungkook ကိုအခန်းသို့ပင်။ဒါအ​တော်ကိုကံ​ကောင်းတယ်ဆိုရမလား​​ပြောရမည်။ရက်ကြာရင်​တော့အဆင်မ​ပြေ​ပေမဲ့အခု​တော့ ခဏ​လေးအမြန်ရှာလို့ရလို့​တော်​သေးသည်ပင်။

"jungkook jungkook ထ​တော့"

အိပ်​ပျော်​နေ​သောjungkook အသားကိုထိကြည့်မိ​တော့ကိုယ်​နွေး​နွေး​ကြောင့် ဒီ​ကောင်​လေးဖျား​​​နေပြီထင်တယ်။စိတ်ထဲမှာ ​ပြောရမလား မ​ပြောပဲငါ့ဘာသာသွားရမလား ​ဒွိဟဖြစ်​နေမိ။

" jungkook jungkook"

အနည်းငယ်ဖွင့်ဟလာ​သောမျက်လုံး​တွေမှာ ​ဝေဝါး​နေသည်​ကြောင့် jin ကို jungkook သေချာမမြင်ရ​ပေ။ထထိုင်လိုက်ရင်း ​ခေါင်းကိုအနည်းငယ်ဖိကာ jin hyung အားကြည့်လိုက်မိသည်။စိတ်ထဲတွင်အိပ်ယာ​ဘေးကိုကြည့်မိ​တော့ jimin မရှိ​ပေ။

" jungkook ငါ့ကို​သေချာကြည့်!!!! jimin jimin ရှိတဲ့​နေရာသိပြီ jungkook"

ထိုစကားလုံး​တွေကြားလိုက်ရချိန်မှာ ကုတင်​ပေါ်ကဆင်းပြီးအခန်းပေါက်သို့သွားမည့်​ခြေ​ထောက်​တွေက​ယိုင်လဲလုနီးပါးတွင် jin သည်အလျင်အမြန်ထိန်းကာ ကုတင်တွင်ပြန်ထိုင်ခိုင်းလိုက်သည်။

"jungkook မင်းဒီပုံစံနဲ့သွားလို့မဖြစ်ဘူး မင်းကိုယ်​နွေး​နေတယ် jungkook"

" ဒီအ​ခြေအ​နေမှာ ကျ​တော်က​အရေကြီး​နေလား jin hyung ကျ​တော်အမြန်သွားမှဖြစ်လိမ့်မယ် နားထဲမှာ​လေ jimin အသံ​တွေပဲကျ​တော်ကြား​နေရတယ် jin hyung ကျ​တော်ရူးချင်​နေပြီ သိလား ကျ​တော့်မျက်စိ​အောက်ကတခါမှမ​ပျောက်ဖူးတဲ့သူက အခုဘယ်လိုများဖြစ်​နေပြီလဲဆိုသည့်စိတ်နဲ့ ကျ​တော်ရူးသွားလိမ့်မယ် hyung"

if our love is wrongWhere stories live. Discover now